ဆောင်းပါး

ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ ရှင်သန်နိုင်ဖို့ လိုပြီ

Unicode

ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ ရှင်သန်နိုင်ဖို့ လိုပြီ

ဩဂုတ် ၁၄ ရက်

နော်မန်ဒီ (ဆောင်းပါး)

ကချင်ပြည်နယ်ဟာ သယံဇာတတွေ ပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခု ဖြစ်ပေမဲ့ သယံဇာတက ရရှိလာတဲ့ အကျိုးအမြတ်ကို ဒေသခံ တိုင်းရင်းသားတွေ ခံစားပိုင်ခွင့် နည်းပါးနေပါသေးတယ်။ ဒါအပြင် ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲနဲ့ ပဋိပက္ခတွေ အတွင်း အဓိက ထိခိုက်ခံစားရတာက အမျိုးသမီးတေွပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ ဘဝတွေ ပြန်လည်ထူထောင်နိုင်ဖို့၊ တိုက်ပွဲတွေကနေ တိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ဖို့၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိဖို့ အထူးလိုအပ်နေပါတယ်။

ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေဟာ သယံဇာတအကျိုးစီးပွားတွေနဲ့လည်း ဆက်စပ်နေတယ် လို့လည်း ပြောနိုင်ပါတယ်။ ကျောက်စိမ်းက ရရှိတဲ့ အကျိုးအမြတ်တွေဟာ များပြားပေမဲ့လည်း ဒေသခံအမျိုးသမီးတွေ ရရှိခံစားပိုင်ခွင့် မရှိသလောက် နည်းပါးနေပြီး အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရေအရင်းအမြစ် တွေပေါ် ထိခိုက်မှုတွေနဲ့ပါ တွေ့ကြုံလာရပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေခဲ့တဲ့ စစ်ပွဲကာလဟာလည်း ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ၁၀ နှစ်ပြည့်ခဲ့ပါပြီ။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စတင်ခဲ့တဲ့ စစ်ပွဲတွေကြောင့် နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် ၁ သိန်း ကျော်ထိ ရှိတယ်လို့ သိရပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်သလို သူတို့ နေထိုင်ခဲ့တဲ့ အိမ်တွေ၊ သူတို့ လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာမြေတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါအပြင် သူတို့တွေ အရင်က နေထိုင်ခဲ့တဲ့ နေရာတွေမှာ တခြားက စီးပွားရေး သမားတွေ လာရောက်နေရာယူ လုပ်ကိုင်တာတွေလည်း ရှိနေတယ် လို့ ဆိုပါတယ်။

ဒါကြောင့် နေရပ်စွန့်ခွာ အမျိုးသမီးတွေက နေရပ်ပြန်နိုင်ဖို့နဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ရရှိဖို့ လိုလားနေကြ တာပဲ ဖြစ်ပါတယ်။ သူတို့လိုလားတဲ့ ငြိမ်းချမ်းရေးရရှိဖို့ အတွက် ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးရမှာပါ။

လူ့အခွင့်အရေး ကြေငြာစာတမ်း (Universal Declaration of Human Rights) မှာ ဖော်ပြပါရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် – အထူးသဖြင့် မြေယာပိုင်ဆိုင်ခွင့်မှာ ဒေသခံတိုင်းရင်းသားတွေ ပြည့်ပြည့်ဝဝ ပိုင်ဆိုင်ခွင့် မရှိသေးပါဘူး။ ဥပမာအားဖြင့် ဒေသခံ အမျိုးသမီးတွေ လုပ်ကိုင် စားသောက်ခဲ့တဲ့ မြေယာတွေ ဆုံးရှုံးရတာ၊ ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာ ပိုင်ဆိုင်ခွင့် အတွက် တိကျတဲ့ အာမခံချက် မရှိတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပေမဲ့ လက်တွေ့မှာ ထူးခြားမှု မရှိသေးပါ။

တကယ်လို့ ကချင်တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်ခွင့်ကိုသာ နိုင်ငံတော်ဘက်က အသိအမှတ် ပြုပေးခဲ့ရင် အများကြီး အကျိုးရှိလာမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဆီ ဦးတည်မယ်ဆိုရင် လယ်ယာမြေ စီမံခန့်ခွဲမှု၊ သယံဇာတ စီမံခန့်ခွဲမှုတွေမှာ ညီညွတ်မျှတဖို့ အစိုးရက အလေးထား လုပ်ဆောင်ပေးရမှာပါ။

ဒေသတွင်း ကောက်ရိတ်သိမ်းချိန်တွေမှာ ရိုးရာဓလေ့အရ အပြန်အလှန် ကူညီကြတာတွေ တွေ့နေရသေးတာက ကချင် တိုင်းရင်းသားတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခု ဖြစ်ပြီး အမျိုးသမီး အများစု ပါဝင်တာ တွေ့ရပါတယ်။ အမျိုးသမီးတွေ အတွက် လိုအပ်ချက်တွေကလည်း အများကြီး ရှိနေဆဲ ဖြစ်သလို အခြေခံကျတဲ့ လိုအပ်ချက် နှစ်ခုက မြေယာအသုံးပြုမှုနဲ့ အသက်မွေးဝမ်းကျောင်း အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်း လုပ်ငန်းနဲ့ ပတ်သက်ပြီး ရိုးရာအဝတ်အထည်တွေ ဈေးကွက်ပိုမို ရရှိဖို့၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေမှာ ဈေးကွက်နဲ့ နည်းပညာတွေ ကူညီပေးနိုင်ဖို့ ဖော်ဆောင်ပေးသင့်ပါတယ်။ ဒါအပြင် စစ်ရှောင်စခန်း တွေမှာ နေထိုင်နေရတဲ့ မိန်းကလေးငယ်တွေ အတွက် ပညာသင်ယူခွင့် ရရှိရေးဟာလည်း အလွန်အရေးပါတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ လျှပ်စစ်မီး မလုံလောက်မှုတွေ လည်း ဒီကနေ့ အထိ ရှိနေဆဲပါ။ ပြည်နယ် အတွင်း တရားမဝင် ရွှေတူးဖော်မှု အပါအဝင် သတ္တုတူးဖော်မှုတွေကနေ အကျိုးဆက် ဖြစ်တဲ့ ရေအရင်းမြစ် ဆုံးရှုံးလာမှု၊ သန့်ရှင်းတဲ့ သောက်သုံးရေ ရှားပါးလာမှုဒဏ်ကို ခံစားရတဲ့ အထဲမှာ ဒေသခံ အမျိုးသမီးတွေ ပါဝင်နေပါတယ်။

နောက်ပြီး စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ မြေမြှုပ်မိုင်း အန္တရာယ်က ထိပ်ဆုံးက ပါဝင်နေတာကိုလည်း မေ့မထားသင့်ပါဘူး။ ဒီအန္တရာယ် မြေမြှုပ်မိုင်းတွေ ရှင်းလင်းပြီးမှသာ နေရပ်ပြန်တဲ့ အခါ ရပ်ရွာမှာ တောင်ယာလုပ်ငန်းနဲ့ သီးနှံစိုက်ပျိုးရေး အပါအဝင် အခြားသော လုပ်ငန်းတွေ လုံလုံခြုံခြုံ လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက ရွာတချို့ရဲ့ အနီးတဝိုက်မှာဆိုရင် မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် ဒေသခံတွေဟာ ထင်းခွေတာ၊ ခြံလုပ်တာ၊ ဟင်းသီးဟင်းရွက် ရှာတာတွေ လုပ်ဖို့ စိုးရိမ်နေကြရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Landmine and Cluster Munitions Monitor အဖွဲ့ရဲ့ အဆိုအရ မြေမြှုပ်မိုင်း အများဆုံး ရှိတဲ့ ပြည်နယ်တွေဟာ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လက ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ကချင်ပြည်နယ်ထဲက နေရပ်ပြန်မယ့် စစ်ရှောင်ပြည်သူတွေ နေထိုင်တဲ့ ၅၉ ရွာထဲက ၇၀ ရာခိုင်နှုန်းဟာ မြေမြှုပ်မိုင်း အန္တရာယ် ရှိနေသေးတယ် လို့ သိရပါတယ်။ ကချင်စစ်ပွဲ ၉ နှစ် ပြည့်မြောက်တဲ့ နေ့မှာ ကချင်နှစ်ခြင်း အသင်းတော် (KBC) က ဦးဆောင်ပြီး ကချင်စစ်ပွဲ ၉ နှစ်ပြည့် အခမ်းအနားကို မြစ်ကြီးနားမြို့မှာ ကျင်းပ,ခဲ့တုန်းက အချက် ၅ ချက် တောင်းဆိုခဲ့ပါတယ်။

ကချင်စစ်ရှောင်ပြည်သူတွေ အတွက် တောင်းဆိုတဲ့ အချက်တွေက နေရပ်ကို လုံခြုံစွာ ပြန်နိုင်ဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့၊ နိုင်ငံတကာ အကူအညီတွေ အဟန့်အတားမရှိဘဲ ကူညီနိုင်ဖို့၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား နှစ်ဖက်အပစ်ရပ် သဘောတူစာချုပ် ရေးထိုးပြီး ဆက်လက် ဆွေးနွေးဖို့၊ နေရပ်မပြန်လိုတဲ့ သူတွေကိုလည်း သူတို့နေထိုင်ချင်တဲ့ နေရာတွေမှာ နေထိုင်ရေး စီစဉ်ပေးဖို့ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ မြစ်ကြီးနားနဲ့ ဗန်းမော်မြိုနယ်မှာ ရှိတဲ့ စစ်ဘေးရှောင်တချို့ နေပြန်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဝမ်းသာစရာ ကောင်းတဲ့ သတင်းတစ်ခုကတော့ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေး နေရတဲ့ တိုင်းရင်းသား ၃၀၀၀ ကျော် နေရပ်ပြန်နိုင်မယ့် သတင်းပါပဲ။ သူတို့ဟာ မူလနေထိုင်ခဲ့တဲ့ ဝိုင်းမော်၊ မိုးမောက်၊ ပူတာအိုမြို့နယ်တွေဆီ ပြန်လာနိုင်မှာ ဖြစ်ပြီး အစိုးရ၊ ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီနဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်တို့က စီစဉ်နေတာပါ။ နေရပ်ပြန်မယ့် ရွာတွေထဲက ရွာတစ်ရွာ အပါအဝင်ဖြစ်တဲ့ ဝိုင်းမော်မြိုနယ် တဘတ်ယာန် ကျေးရွာမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့တယ် လို့ တပ်မတော် ဘက်က ပြောကြားထားပါတယ်။

ဒီလို မိုင်းရှင်းလင်းပေးတဲ့ ကိစ္စဟာ ကြိုဆိုရမယ့် ကိစ္စဖြစ်သလို အမျိုးသမီးတွေရဲ့ လုံခြုံဘေးကင်းရေးကိုပါ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း နေရပ်ပြန်မယ့် အမျိုးသမီးတွေဟာ အရင်ကလို တောင်ယာတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ဖို့၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ လိုလားနေကြ ပါတယ်။ ကချင် လူသားချင်းစာနာထောက်ထားမှု ကော်မတီ အစီအစဉ်နဲ့ နေအိမ်တွေ ဆောက်လုပ်ပေးနေတာ ရှိသလို အစိုးရ အစီအစဉ်နဲ့ နေအိမ်တွေ ဆောက်လုပ်ပေးသွားမယ့် အစီအစဉ်တွေ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နေရပ်ပြန်ဖို့ အရေးမှာ စစ်ရှောင်အမျိုးသမီးတွေရဲ့ စိုးရိမ်မှုတချို့လည်း ရှိနေဆဲပါ။ သူတို့ ပြန်သွားတဲ့ အခါ နေထိုင်ရမယ့် အိမ်တွေ ခိုင်ခံ့မှု မရှိမှာကို သူတို့က စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကတော့ ဝိုင်းမော်မြို့နယ် တဘတ်ယာန်ရွာက စစ်ရှောင်အမျိုးသမီးတွေဟာ သူတို့ရဲ့ ဇာတိ ကျေးရွာမှာ ခရစ်စမတ်ပွဲတော် ကျင်းပနိုင်ခဲ့ကြပါတယ်။ သူတို့ဟာ ၂၀၂၁ ခုနှစ် မတ်လ အတွင်း နေရပ်ပြန်နိုင်မယ် လို့ မျှော်လင့်ထားကြပါတယ်။ ဘီဘီစီက ထုတ်လွှင့်ခဲ့တဲ့ တွေ့ဆုံမှု တစ်ခုမှာ တဘတ်ယာန် ကျေးရွာက ဒေါ်ဂျာမိုင်က “နေရပ်ပြန်နိုင်မယ် ဆိုလို့ အရမ်းဝမ်းသာတယ်၊ ပျော်တယ်” လို့ ပြောကြားတာ တွေ့ရပါတယ်။ ဒေါ်ဒါရှီခါးဂျာကလည်း “ယက်ကန်းရက်မယ်၊ ကြက်တွေ မွေးချင်တယ်” လို့ ပြောကြားပါတယ်။

သူတို့လိုပဲ တခြားအမျိုးသမီးတွေက စစ်ရှောင်စခန်းမှာ နေထိုင်ရင်း သင်ယူတတ်မြောက်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေနဲ့ လုပ်ကိုင်စားသောက်ချင်နေကြတာပါ။ ဒီအချက်ကို ကြည့်ရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ကချင်ပြည်နယ်က အမျိုးသမီးတွေ လိုလားတောင့်တနေကြတာ အသေအချာပါပဲ။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ပြီး နောက်ထပ်တဖန် စစ်ပွဲတွေ ထပ်မဖြစ်ဖို့က ကချင်ပြည်သူတွေ အတွက် အရေးကြီးပါတယ်။

ထင်မှတ်မထားတဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်ဟာ မရေမရာ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျပန်နီပွန် ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ ဆောင်ရွက်နေတဲ့ အစီအစဉ်မှာ အိမ်ထောင်စုပေါင်း ၇၀၀ ကျော် နေရပ်ပြန်နိုင်ရေး အတွက် နေအိမ်တွေ ဆောက်လုပ်‌ပေးဖို့ အမေရိကန် ဒေါ်လာ ၅ သန်း ကူညီခဲ့ပါတယ်။ စီမံကိန်း ၉၀ ရာခိုင်နှုန်း ပြီးစီးနေတဲ့ အချိန်မှာ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် နေရပ်ပြန်ရေး မရေမရာ အခြေအနေကို ပြန်ဖြစ်သွားရတဲ့ အနေအထားပါ။

ပဋိပက္ခတွေထပ်မံ ဖြစ်ပွားလာခဲ့မယ် ဆိုရင် အများဆုံးထိခိုက်ခံကြရမှာက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်လို့ သူတို့ဘဝတွေ လုံခြုံဖို့၊ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရှင်သန်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးရမှာပါ။

ဒေသခံတွေ သဘောမတူတဲ့ စီမံကိန်းတွေကို အတင်းအကျပ် အကောင်အထည်ဖော်တာမျိုး မရှိဖို့လည်း လိုပါတယ်။ ထင်ရှားတဲ့ စီမံကိန်းတွေက မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ခေါင်လန်ဖူးဒေသမှာ သတ္တုတူးဖော်ရေး စမ်းသပ်ရှာဖွေခွင့် ပြုမယ့် စီမံကိန်းတွေပါ။ ဒီစီမံကိန်းတွေကနေ ‌ဒေသခံပြည်သူတွေရဲ့ မြေယာပိုင်ဆိုင်ခွင့် အပါအဝင် လူမှုဘဝနေထိုင် ရပ်တည်ရေးနဲ့ ပတ်ဝန်းကျင်ရေးရာတွေကိုပါ ထိခိုက်စေနိုင်တဲ့ အပြင် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ အထိ ရိုက်ခတ်လာနိုင်တာကြောင့် ဒေသခံတွေ လက်ခံသဘောတူတဲ့ စီမံကိန်းတွေကိုသာ ပွင့်လင်းမြင်သာမှုရှိရှိ အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်နိုင်မယ်၊ တောင်ယာနဲ့ လယ်ယာဥယျာဉ်တွေ စိုက်ပျိုးနိုင်မယ်၊ ဒေသထွက် သီးနှံနဲ့ ရိုးရာအဝတ်အထည်တွေ အတွက် ဈေးကွက်တွေလည်း ရရှိလာမယ် ဆိုရင်… စစ်ပွဲနဲ့ ပဋိပက္ခတွေကနေ လွန်‌မြောက်လာတဲ့ အမျိုးသမီးတို့ရဲ့ ဘဝရပ်တည်မှုမှာ မျှော်လင့်ချက်တွေ ရှင်သန်လာမှာ ဖြစ်သလို လူ့ဂုဏ်သိက္ခာနဲ့ အညီ နေထိုင်နိုင်မှာလည်း ဖြစ်ပါတယ်။        ။

နော်မန်ဒီ

Zawgyi

ၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္ႏိုင္ဖို႔ လိုၿပီ

ေနာ္မန္ဒီ

ကခ်င္ျပည္နယ္ဟာ သယံဇာတေတြ ေပါႂကြယ္ဝတဲ့ ျပည္နယ္တစ္ခု ျဖစ္ေပမဲ့ သယံဇာတက ရရွိလာတဲ့ အက်ိဳးအျမတ္ကို ေဒသခံ တိုင္းရင္းသားေတြ ခံစားပိုင္ခြင့္ နည္းပါးေနပါေသးတယ္။ ဒါအျပင္ ျပည္တြင္းမွာ ျဖစ္ပြားခဲ့တဲ့ စစ္ပြဲနဲ႔ ပဋိပကၡေတြ အတြင္း အဓိက ထိခိုက္ခံစားရတာက အမ်ိဳးသမီးေတြပဲ ျဖစ္ပါတယ္။ သူတို႔ေတြရဲ႕ ဘဝေတြ ျပန္လည္ထူေထာင္ႏိုင္ဖို႔၊ တိုက္ပြဲေတြကေန တိမ္းေရွာင္ေနရတဲ့ အမ်ိဳးသမီးေတြ ေဘးကင္းလုံၿခဳံစြာ ေနရပ္ျပန္ႏိုင္ဖို႔၊ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းေတြ လုပ္ကိုင္ႏိုင္ဖို႔၊ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ ရရွိဖို႔ အထူးလိုအပ္ေနပါတယ္။

ျဖစ္ပြားခဲ့တဲ့ စစ္ပြဲေတြဟာ သယံဇာတအက်ိဳးစီးပြားေတြနဲ႔လည္း ဆက္စပ္ေနတယ္ လို႔လည္း ေျပာႏိုင္ပါတယ္။ ေက်ာက္စိမ္းက ရရွိတဲ့ အက်ိဳးအျမတ္ေတြဟာ မ်ားျပားေပမဲ့လည္း ေဒသခံအမ်ိဳးသမီးေတြ ရရွိခံစားပိုင္ခြင့္ မရွိသေလာက္ နည္းပါးေနၿပီး အလုပ္အကိုင္ အခြင့္အလမ္းနည္းပါးမႈ၊ သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈ၊ ေရအရင္းအျမစ္ ေတြေပၚ ထိခိုက္မႈေတြနဲ႔ပါ ေတြ႕ႀကဳံလာရပါတယ္။ ကခ်င္ျပည္နယ္မွာ ျဖစ္ပြားေနခဲ့တဲ့ စစ္ပြဲကာလဟာလည္း ၿပီးခဲ့တဲ့ ဇြန္လ ၉ ရက္ေန႔က ၁၀ ႏွစ္ျပည့္ခဲ့ပါၿပီ။

လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္က စတင္ခဲ့တဲ့ စစ္ပြဲေတြေၾကာင့္ ေနရပ္ကေန ထြက္ေျပးတိမ္းေရွာင္ရသူ အေရအတြက္ ၁ သိန္း ေက်ာ္ထိ ရွိတယ္လို႔ သိရၿပီး အမ်ားစုက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ ျဖစ္သလို သူတို႔ ေနထိုင္ခဲ့တဲ့ အိမ္ေတြ၊ သူတို႔ လုပ္ကိုင္စားေသာက္ခဲ့တဲ့ လယ္ယာေျမေတြကို ဆုံးရႈံးခဲ့ရပါတယ္။ ဒါအျပင္ သူတို႔ေတြ အရင္က ေနထိုင္ခဲ့တဲ့ ေနရာေတြမွာ တျခားက စီးပြားေရး သမားေတြ လာေရာက္ေနရာယူ လုပ္ကိုင္တာေတြလည္း ရွိေနတယ္ လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ေနရပ္စြန႔္ခြာ အမ်ိဳးသမီးေတြက ေနရပ္ျပန္ႏိုင္ဖို႔နဲ႔ ေရရွည္တည္တံ့မယ့္ ၿငိမ္းခ်မ္းေရး ရရွိဖို႔ လိုလားေနၾက တာပဲ ျဖစ္ပါတယ္။ သူတို႔လိုလားတဲ့ ၿငိမ္းခ်မ္းေရးရရွိဖို႔ အတြက္ ဆိုရင္ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြၾကား ေတြ႕ဆုံေဆြးေႏြးရမွာပါ။

လူ႔အခြင့္အေရး ေၾကျငာစာတမ္း (Universal Declaration of Human Rights) မွာ ေဖာ္ျပပါရွိတဲ့ ပစၥည္းဥစၥာပိုင္ဆိုင္ခြင့္ – အထူးသျဖင့္ ေျမယာပိုင္ဆိုင္ခြင့္မွာ ေဒသခံတိုင္းရင္းသားေတြ ျပည့္ျပည့္ဝဝ ပိုင္ဆိုင္ခြင့္ မရွိေသးပါဘူး။ ဥပမာအားျဖင့္ ေဒသခံ အမ်ိဳးသမီးေတြ လုပ္ကိုင္ စားေသာက္ခဲ့တဲ့ ေျမယာေတြ ဆုံးရႈံးရတာ၊ ဌာေနတိုင္းရင္းသားေတြရဲ႕ ေျမယာ ပိုင္ဆိုင္ခြင့္ အတြက္ တိက်တဲ့ အာမခံခ်က္ မရွိတာ ျဖစ္ပါတယ္။ တိုင္းရင္းသား လူမ်ိဳးေတြရဲ႕ အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္တဲ့ ဥပေဒကို ၂၀၁၅ ခုႏွစ္က ျပ႒ာန္းခဲ့ၿပီး ျဖစ္ေပမဲ့ လက္ေတြ႕မွာ ထူးျခားမႈ မရွိေသးပါ။

တကယ္လို႔ ကခ်င္တိုင္းရင္းသားေတြရဲ႕ ဓေလ့ထုံးတမ္း ေျမယာပိုင္ဆိုင္ခြင့္ကိုသာ ႏိုင္ငံေတာ္ဘက္က အသိအမွတ္ ျပဳေပးခဲ့ရင္ အမ်ားႀကီး အက်ိဳးရွိလာမွာ ျဖစ္ပါတယ္။ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုဆီ ဦးတည္မယ္ဆိုရင္ လယ္ယာေျမ စီမံခန႔္ခြဲမႈ၊ သယံဇာတ စီမံခန႔္ခြဲမႈေတြမွာ ညီၫြတ္မွ်တဖို႔ အစိုးရက အေလးထား လုပ္ေဆာင္ေပးရမွာပါ။

ေဒသတြင္း ေကာက္ရိတ္သိမ္းခ်ိန္ေတြမွာ ႐ိုးရာဓေလ့အရ အျပန္အလွန္ ကူညီၾကတာေတြ ေတြ႕ေနရေသးတာက ကခ်င္ တိုင္းရင္းသားတို႔ရဲ႕ ခ်စ္စရာေကာင္းတဲ့ ဓေလ့တစ္ခု ျဖစ္ၿပီး အမ်ိဳးသမီး အမ်ားစု ပါဝင္တာ ေတြ႕ရပါတယ္။ အမ်ိဳးသမီးေတြ အတြက္ လိုအပ္ခ်က္ေတြကလည္း အမ်ားႀကီး ရွိေနဆဲ ျဖစ္သလို အေျခခံက်တဲ့ လိုအပ္ခ်က္ ႏွစ္ခုက ေျမယာအသုံးျပဳမႈနဲ႔ အသက္ေမြးဝမ္းေက်ာင္း အတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြပဲ ျဖစ္ပါတယ္။

အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းနဲ႔ ပတ္သက္ၿပီး ႐ိုးရာအဝတ္အထည္ေတြ ေဈးကြက္ပိုမို ရရွိဖို႔၊ စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးေတြမွာ ေဈးကြက္နဲ႔ နည္းပညာေတြ ကူညီေပးႏိုင္ဖို႔ ေဖာ္ေဆာင္ေပးသင့္ပါတယ္။ ဒါအျပင္ စစ္ေရွာင္စခန္း ေတြမွာ ေနထိုင္ေနရတဲ့ မိန္းကေလးငယ္ေတြ အတြက္ ပညာသင္ယူခြင့္ ရရွိေရးဟာလည္း အလြန္အေရးပါတဲ့ အခ်က္ တစ္ခ်က္ ျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ရဲ႕ ေဝးလံေခါင္သီတဲ့ ေဒသေတြမွာ လမ္းပန္းဆက္သြယ္ေရး ခက္ခဲမႈ၊ လွ်ပ္စစ္မီး မလုံေလာက္မႈေတြ လည္း ဒီကေန႔ အထိ ရွိေနဆဲပါ။ ျပည္နယ္ အတြင္း တရားမဝင္ ေ႐ႊတူးေဖာ္မႈ အပါအဝင္ သတၱဳတူးေဖာ္မႈေတြကေန အက်ိဳးဆက္ ျဖစ္တဲ့ ေရအရင္းျမစ္ ဆုံးရႈံးလာမႈ၊ သန႔္ရွင္းတဲ့ ေသာက္သုံးေရ ရွားပါးလာမႈဒဏ္ကို ခံစားရတဲ့ အထဲမွာ ေဒသခံ အမ်ိဳးသမီးေတြ ပါဝင္ေနပါတယ္။

ေနာက္ၿပီး စစ္ပြဲေတြရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးျဖစ္တဲ့ ေျမျမႇဳပ္မိုင္း အႏၲရာယ္က ထိပ္ဆုံးက ပါဝင္ေနတာကိုလည္း ေမ့မထားသင့္ပါဘူး။ ဒီအႏၲရာယ္ ေျမျမႇဳပ္မိုင္းေတြ ရွင္းလင္းၿပီးမွသာ ေနရပ္ျပန္တဲ့ အခါ ရပ္႐ြာမွာ ေတာင္ယာလုပ္ငန္းနဲ႔ သီးႏွံစိုက္ပ်ိဳးေရး အပါအဝင္ အျခားေသာ လုပ္ငန္းေတြ လုံလုံၿခဳံၿခဳံ လုပ္ကိုင္ႏိုင္ၾကမွာ ျဖစ္ပါတယ္။ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္ထဲက ႐ြာတခ်ိဳ႕ရဲ႕ အနီးတဝိုက္မွာဆိုရင္ ေျမျမႇဳပ္မိုင္းေတြ ရွိေနတာေၾကာင့္ ေဒသခံေတြဟာ ထင္းေခြတာ၊ ၿခံလုပ္တာ၊ ဟင္းသီးဟင္း႐ြက္ ရွာတာေတြ လုပ္ဖို႔ စိုးရိမ္ေနၾကရပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ အေျခစိုက္ Landmine and Cluster Munitions Monitor အဖြဲ႕ရဲ႕ အဆိုအရ ေျမျမႇဳပ္မိုင္း အမ်ားဆုံး ရွိတဲ့ ျပည္နယ္ေတြဟာ ကခ်င္၊ ရွမ္းနဲ႔ ရခိုင္ျပည္နယ္ေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ဇြန္လက ျပဳလုပ္ခဲ့တဲ့ စစ္တမ္းအရ ကခ်င္ျပည္နယ္ထဲက ေနရပ္ျပန္မယ့္ စစ္ေရွာင္ျပည္သူေတြ ေနထိုင္တဲ့ ၅၉ ႐ြာထဲက ၇၀ ရာခိုင္ႏႈန္းဟာ ေျမျမႇဳပ္မိုင္း အႏၲရာယ္ ရွိေနေသးတယ္ လို႔ သိရပါတယ္။ ကခ်င္စစ္ပြဲ ၉ ႏွစ္ ျပည့္ေျမာက္တဲ့ ေန႔မွာ ကခ်င္ႏွစ္ျခင္း အသင္းေတာ္ (KBC) က ဦးေဆာင္ၿပီး ကခ်င္စစ္ပြဲ ၉ ႏွစ္ျပည့္ အခမ္းအနားကို ျမစ္ႀကီးနားၿမိဳ႕မွာ က်င္းပ,ခဲ့တုန္းက အခ်က္ ၅ ခ်က္ ေတာင္းဆိုခဲ့ပါတယ္။

ကခ်င္စစ္ေရွာင္ျပည္သူေတြ အတြက္ ေတာင္းဆိုတဲ့ အခ်က္ေတြက ေနရပ္ကို လုံၿခဳံစြာ ျပန္ႏိုင္ဖို႔၊ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြက ေျမျမႇဳပ္မိုင္းေတြ ရွင္းလင္းေပးဖို႔၊ ႏိုင္ငံတကာ အကူအညီေတြ အဟန႔္အတားမရွိဘဲ ကူညီႏိုင္ဖို႔၊ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြၾကား ႏွစ္ဖက္အပစ္ရပ္ သေဘာတူစာခ်ဳပ္ ေရးထိုးၿပီး ဆက္လက္ ေဆြးေႏြးဖို႔၊ ေနရပ္မျပန္လိုတဲ့ သူေတြကိုလည္း သူတို႔ေနထိုင္ခ်င္တဲ့ ေနရာေတြမွာ ေနထိုင္ေရး စီစဥ္ေပးဖို႔ ဆိုတဲ့ အခ်က္ေတြ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာေတာ့ ျမစ္ႀကီးနားနဲ႔ ဗန္းေမာ္ၿမိဳနယ္မွာ ရွိတဲ့ စစ္ေဘးေရွာင္တခ်ိဳ႕ ေနျပန္ႏိုင္ခဲ့တာ ေတြ႕ရပါတယ္။ ဝမ္းသာစရာ ေကာင္းတဲ့ သတင္းတစ္ခုကေတာ့ ၂၀၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ ေနရပ္စြန႔္ခြာထြက္ေျပး ေနရတဲ့ တိုင္းရင္းသား ၃၀၀၀ ေက်ာ္ ေနရပ္ျပန္ႏိုင္မယ့္ သတင္းပါပဲ။ သူတို႔ဟာ မူလေနထိုင္ခဲ့တဲ့ ဝိုင္းေမာ္၊ မိုးေမာက္၊ ပူတာအိုၿမိဳ႕နယ္ေတြဆီ ျပန္လာႏိုင္မွာ ျဖစ္ၿပီး အစိုးရ၊ ကခ်င္လူသားခ်င္း စာနာေထာက္ထားမႈ ေကာ္မတီနဲ႔ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္တို႔က စီစဥ္ေနတာပါ။ ေနရပ္ျပန္မယ့္ ႐ြာေတြထဲက ႐ြာတစ္႐ြာ အပါအဝင္ျဖစ္တဲ့ ဝိုင္းေမာ္ၿမိဳနယ္ တဘတ္ယာန္ ေက်း႐ြာမွာ ေျမျမႇဳပ္မိုင္း ရွင္းလင္းေရး ေဆာင္႐ြက္ေပးခဲ့တယ္ လို႔ တပ္မေတာ္ ဘက္က ေျပာၾကားထားပါတယ္။

ဒီလို မိုင္းရွင္းလင္းေပးတဲ့ ကိစၥဟာ ႀကိဳဆိုရမယ့္ ကိစၥျဖစ္သလို အမ်ိဳးသမီးေတြရဲ႕ လုံၿခဳံေဘးကင္းေရးကိုပါ အေထာက္အကူျပဳမွာ ျဖစ္ပါတယ္။ တစ္ဖက္ကလည္း ေနရပ္ျပန္မယ့္ အမ်ိဳးသမီးေတြဟာ အရင္ကလို ေတာင္ယာေတြ လြတ္လြတ္လပ္လပ္ လုပ္ကိုင္ႏိုင္ဖို႔၊ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းေတြ လုပ္ကိုင္ႏိုင္ဖို႔ လိုလားေနၾက ပါတယ္။ ကခ်င္ လူသားခ်င္းစာနာေထာက္ထားမႈ ေကာ္မတီ အစီအစဥ္နဲ႔ ေနအိမ္ေတြ ေဆာက္လုပ္ေပးေနတာ ရွိသလို အစိုးရ အစီအစဥ္နဲ႔ ေနအိမ္ေတြ ေဆာက္လုပ္ေပးသြားမယ့္ အစီအစဥ္ေတြ ရွိတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ ေနရပ္ျပန္ဖို႔ အေရးမွာ စစ္ေရွာင္အမ်ိဳးသမီးေတြရဲ႕ စိုးရိမ္မႈတခ်ိဳ႕လည္း ရွိေနဆဲပါ။ သူတို႔ ျပန္သြားတဲ့ အခါ ေနထိုင္ရမယ့္ အိမ္ေတြ ခိုင္ခံ့မႈ မရွိမွာကို သူတို႔က စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၅ ရက္ေန႔ကေတာ့ ဝိုင္းေမာ္ၿမိဳ႕နယ္ တဘတ္ယာန္႐ြာက စစ္ေရွာင္အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ ဇာတိ ေက်း႐ြာမွာ ခရစ္စမတ္ပြဲေတာ္ က်င္းပႏိုင္ခဲ့ၾကပါတယ္။ သူတို႔ဟာ ၂၀၂၁ ခုႏွစ္ မတ္လ အတြင္း ေနရပ္ျပန္ႏိုင္မယ္ လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ ဘီဘီစီက ထုတ္လႊင့္ခဲ့တဲ့ ေတြ႕ဆုံမႈ တစ္ခုမွာ တဘတ္ယာန္ ေက်း႐ြာက ေဒၚဂ်ာမိုင္က “ေနရပ္ျပန္ႏိုင္မယ္ ဆိုလို႔ အရမ္းဝမ္းသာတယ္၊ ေပ်ာ္တယ္” လို႔ ေျပာၾကားတာ ေတြ႕ရပါတယ္။ ေဒၚဒါရွီခါးဂ်ာကလည္း “ယက္ကန္းရက္မယ္၊ ၾကက္ေတြ ေမြးခ်င္တယ္” လို႔ ေျပာၾကားပါတယ္။

သူတို႔လိုပဲ တျခားအမ်ိဳးသမီးေတြက စစ္ေရွာင္စခန္းမွာ ေနထိုင္ရင္း သင္ယူတတ္ေျမာက္ခဲ့တဲ့ အသက္ေမြးဝမ္းေက်ာင္း ပညာေတြနဲ႔ လုပ္ကိုင္စားေသာက္ခ်င္ေနၾကတာပါ။ ဒီအခ်က္ကို ၾကည့္ရင္ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးကို ကခ်င္ျပည္နယ္က အမ်ိဳးသမီးေတြ လိုလားေတာင့္တေနၾကတာ အေသအခ်ာပါပဲ။ ကခ်င္ျပည္နယ္မွာ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ႏိုင္ၿပီး ေနာက္ထပ္တဖန္ စစ္ပြဲေတြ ထပ္မျဖစ္ဖို႔က ကခ်င္ျပည္သူေတြ အတြက္ အေရးႀကီးပါတယ္။

ထင္မွတ္မထားတဲ့ ႏိုင္ငံေရး အေျပာင္းအလဲေတြေၾကာင့္ ကခ်င္ျပည္နယ္က စစ္ေျပးဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ဟာ မေရမရာ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဂ်ပန္နီပြန္ ေဖာင္ေဒးရွင္းရဲ႕ အကူအညီနဲ႔ ေဆာင္႐ြက္ေနတဲ့ အစီအစဥ္မွာ အိမ္ေထာင္စုေပါင္း ၇၀၀ ေက်ာ္ ေနရပ္ျပန္ႏိုင္ေရး အတြက္ ေနအိမ္ေတြ ေဆာက္လုပ္‌ေပးဖို႔ အေမရိကန္ ေဒၚလာ ၅ သန္း ကူညီခဲ့ပါတယ္။ စီမံကိန္း ၉၀ ရာခိုင္ႏႈန္း ၿပီးစီးေနတဲ့ အခ်ိန္မွာ ႏိုင္ငံေရး အေျပာင္းအလဲေတြေၾကာင့္ ေနရပ္ျပန္ေရး မေရမရာ အေျခအေနကို ျပန္ျဖစ္သြားရတဲ့ အေနအထားပါ။

ပဋိပကၡေတြထပ္မံ ျဖစ္ပြားလာခဲ့မယ္ ဆိုရင္ အမ်ားဆုံးထိခိုက္ခံၾကရမွာက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ ျဖစ္လို႔ သူတို႔ဘဝေတြ လုံၿခဳံဖို႔၊ ဂုဏ္သိကၡာရွိစြာ ရပ္တည္ရွင္သန္ႏိုင္ဖို႔ သက္ဆိုင္ရာ အဖြဲ႕အစည္း အားလုံးက ဝိုင္းဝန္းႀကိဳးပမ္းေပးရမွာပါ။

ေဒသခံေတြ သေဘာမတူတဲ့ စီမံကိန္းေတြကို အတင္းအက်ပ္ အေကာင္အထည္ေဖာ္တာမ်ိဳး မရွိဖို႔လည္း လိုပါတယ္။ ထင္ရွားတဲ့ စီမံကိန္းေတြက ျမစ္ဆုံေရကာတာ စီမံကိန္းနဲ႔ ေခါင္လန္ဖူးေဒသမွာ သတၱဳတူးေဖာ္ေရး စမ္းသပ္ရွာေဖြခြင့္ ျပဳမယ့္ စီမံကိန္းေတြပါ။ ဒီစီမံကိန္းေတြကေန ‌ေဒသခံျပည္သူေတြရဲ႕ ေျမယာပိုင္ဆိုင္ခြင့္ အပါအဝင္ လူမႈဘဝေနထိုင္ ရပ္တည္ေရးနဲ႔ ပတ္ဝန္းက်င္ေရးရာေတြကိုပါ ထိခိုက္ေစႏိုင္တဲ့ အျပင္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈေတြ အထိ ႐ိုက္ခတ္လာႏိုင္တာေၾကာင့္ ေဒသခံေတြ လက္ခံသေဘာတူတဲ့ စီမံကိန္းေတြကိုသာ ပြင့္လင္းျမင္သာမႈရွိရွိ အေကာင္အထည္ေဖာ္ရမွာ ျဖစ္ပါတယ္။

အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းေတြ လုပ္ကိုင္ႏိုင္မယ္၊ ေတာင္ယာနဲ႔ လယ္ယာဥယ်ာဥ္ေတြ စိုက္ပ်ိဳးႏိုင္မယ္၊ ေဒသထြက္ သီးႏွံနဲ႔ ႐ိုးရာအဝတ္အထည္ေတြ အတြက္ ေဈးကြက္ေတြလည္း ရရွိလာမယ္ ဆိုရင္… စစ္ပြဲနဲ႔ ပဋိပကၡေတြကေန လြန္‌ေျမာက္လာတဲ့ အမ်ိဳးသမီးတို႔ရဲ႕ ဘဝရပ္တည္မႈမွာ ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္လာမွာ ျဖစ္သလို လူ႔ဂုဏ္သိကၡာနဲ႔ အညီ ေနထိုင္ႏိုင္မွာလည္း ျဖစ္ပါတယ္။           ။

ေနာ္မန္ဒီ

Related Articles

Back to top button