ဆောင်းပါး

ခြြန္ျပည့္အားျပည့္ ျမန္ႏႈန္းျမင့္ ဒီမုိကေရစီ

Unicode

 

ခွန်ပြည့်အားပြည့် မြန်နှုန်းမြင့် ဒီမိုကရေစီ

 

အရင်တုန်းကနဲ့ မတူတော့ဘူးလို့စာရှုသူတို့လည်းခံစားမိမှာသေချာသည်။အရင်တုန်းကဆိုသည် မှာ ၁၉၉၀ပြည့်နှစ်မှ၂၀၁၀ပြည့်နှစ် ဝန်းကျင်ကာလများကိုဆိုလိုခြင်းဖြစ်သည်။ထိုကာလသည် ကျနော်တို့ သွေးရိုးသားရိုးပြည်သူများအတွက် မှောင်အတိကြီးခဲ့သောနေ့များဖြစ်သည်။သွေးရိုးသားရိုးဆိုသည်မှာအာဏာဖြင့် သိုက်တူးနေကြကုန်သောအာဏာရှင်တစ်သိုက်နှင့်၎င်းတို့နှင့်ပေါင်းမစားပြုတ်မစားဘဲကိုယ့် ခြေကိုယ့်လက်ကိုယ်ဉာဏ်ပညာဖြင့် ကြိုးစားရုန်းကန်ခဲ့ကြသူများကိုဆိုလိုခြင်းဖြစ်သည်။

 

ကျနော်တို့အတွက် ကိုယ့်အသက်ကိုယ် ထိစမ်းမိတယ်ဆိုရုံလေး၊ကိုယ့်မနက်ဖြန်ကိုယ် စိတ်ချလက် ချမယုံကြည်ရသည့်အခြေအနေမျိုးဖြင့် လေးလိလေးကန်ဖြတ်သန်းခဲ့ရသည်။မနက်ဖြန်တွင် အကျိုးအကြောင်းမရှိဘဲအလုပ်ပြုတ်သွားနိုင်သလိုဘုမသိဘမသိထောင်ထဲရောက်သွားနိုင်သည်။ကျနော်တို့အတွက်သေချာခြင်းများမှာအပျက်သဘောချည်းသာရှိကြောင်းတရားမှတ်စရာမလို၊စိတ်ပုတီးနိုင်နိုင်စိပ်စရာမလိုဘဲကျနော်တို့ ဆင်ခြင်မိကြသည်ချည်းဖြစ်သည်။

 

ကျနော်တို့ ပြောပြောနေသည့် ဒီမိုကရေစီဆိုသည်မှာလည်းဆူးတွေနဲ့ချည်းဖြစ်သည်။ဒီမိုကရေစီသည် ကိုယ့်နှလုံးသားကိုယ် တရေးနိုးထကြည့်လျှင်တောင် ဖူးပွင့်လျက်ရှိပြီးလက်တွေ့မျက်မြင်ဘယ်တော့ ပွင့်မလဲဟုမေးပါကကျနော်တို့ဆို့အမိမြဲဖြစ်သည်။

 

ကျနော်တို့၏ခြေထောက်တွင် ခဲဆွဲထားသည့်ပမာသံခြေခြင်းအခတ်ခံထားရသည့်ပမာမို့ ကျနော် တို့ခြေလှမ်းတို့သည် ယိုင်တိယိုင်တိုင် လေးလံနှေးကွေးခဲ့သည်။ထို့ကြောင့် ဂလိုဗယ်ဆရာများကကမ္ဘာ့ရွာ ကြီးအကြောင်း မြန်နှုန်းမြင့်ဂလိုဗယ်လိုက်ဇေးရှင်းအကြောင်းရေးပြတော့ ကျနော်တို့အပျင်းပြေဖတ်ရင်းရယ်မောခဲ့ကြရသည်။ပထဝီနယ်နိမိတ်မျဉ်းများ ပါးလျလာပြီဆိုတော့ အသားမာများဖြင့် ထူထဲလွန်းနေသောကျနော်တို့ဦးနှောက်ကမည်သို့မျှ နားမလည်နိုင်ဖြစ်ရသည်။

 

ဂလိုဗယ်လိုက်ဇေးရှင်းကိုကျနော်တို့ဖတ်ရပြီဖြစ်သော်လည်းကွန်ပျူတာကီးဘုတ်ပေါ် ချမိသောမြို့ပြလူငယ်တို့၏ လက်ချောင်းလေးများသည်ပင်တုန်ရင်နေဆဲဖြစ်သည်။လက်တော့ဆိုသည်မှာလူလတ် တန်းစားများနှင့်ဘာမှမဆိုင်သေး။ခလုတ်နှိပ်ရသောဖုန်းဟန်းဆက်သေးသေးမွှားမွှားကို ခါးကြားထိုးနိုင်လျှင် သူဌေးဖြစ်ကြောင်းသတ်မှတ်ခံရသည့်ကာလ။လူလတ်တန်းစားရပ်ကွက်အတွင်း ကြိုးဖုန်းတစ်လုံးရှိလျှင် မိ သားစုဝမ်းမီးငြိမ်းသည့်ကာလ။နိုင်ငံတကာတွင် အခုပို့အခုရောက် အီးမေးလ်စနစ်ကိုအသုံးပြုနေတာ ကြာလှပြီဖြစ်သော်လည်းကျနော်တို့အတွက်အင်တာနက်ဆိုတာဘာပါလိမ့်ဟုအတွေးခေါင်ကြရင်းအိပ်ရေးပျက် ကြရသည်။ကျနော်တို့ဆီမှာတော့ အပျင်းကြီးလှသောစာတိုက်ပုံးနီနီနှင့်ပို့စ်မန်းကိုသာအားပြုရဆဲဖြစ် သည်။

 

ကျနော်တို့မပျော်ခဲ့သောနေ့စွဲများဖြစ်သည်။ကျနော်တို့မပျော်ရုံတင်မကလောကဓံပေါင်းသောင်းခြောက်ထောင်ကို နေ့စဉ်ရှောင်တိမ်းနေရသောနေ့စွဲများလည်းဖြစ်သည်။သို့သော်၊မပျော်တာကို မပျော် ကြောင်းပင် ထုတ်ဖော်ပြောကြားလို့မရသည့်ကာလ။တိုင်းပြည်ဆင်းရဲကြောင်းဆင်းရဲနေသောပြည်သူများမသိစေရန်အတွက် ရုပ်ရှင်နှင့်ဗီဒီယိုများတွင်ဆင်းရဲသည့်ဇာတ်ဝင်ခန်းများပါလာလျှင် ဆင်ဆာအလုပ်ခံရ။

 

ထိုသို့သောဒုက္ခနှင့်မဟုတ်ကဟုတ်ကများကိုရယ်တတ်မောတတ်စွာဖြင့် ကိုယ့်အသက်ကိုယ့်ဘ၀ မသေအောင်ကြံဖန်မွေးနေရဆဲအချိန်မှာပင် နာဂစ်ဆိုတာကြီးက မြန်နှုန်းမြင့်အရှိန်ဖြင့် ရောက်ရှိသတ်ဖြတ်ခဲ့ ပြန်သည်။ကျနော်တို့မျက်ရည်တွေ အတားအတီးမဲ့ ဒရဟော။ကျနော်တို့ကိုယ့်မျက်ရည်ကိုယ် မြန်မြန်သုတ် ကာ မြန်မြန်ဆန်ဆန်ကူညီမှုများစတင်တော့ အာဏာရှင်တို့ကဟန့်တားမှုမျိုးစုံဖြင့် ပယ်ချ။နာဂစ်ဒုက္ခ သည်များအတွက် ကျနော်တို့တတ်နိုင်သမျှသောအကူအညီပင် နောက်ကျခဲ့ရသည်။

 

တစ်ကမ္ဘာလုံးနီးပါး မြန်နှုန်းမြှင့်ကာ Speed ဆိုသည်ကိုအချိန်ပြည့်တွင်တွင်ပြောနေချိန်တွင် ကျ နော်တို့ဘဝသည်လေးလံစွာ၊ထိုင်းမှိုင်းစွာ ယိုင်ယိုင်ထိုးထိုးမို့ လိုရာခရီးကိုအချိန်ပေးလျှောက်သည့်တိုင် ရောက်ဖို့ခက်ခဲ့ရသည်။

 

၂၀၁၀ပြည့်နှစ်ဝန်းကျင်တွင် ကမ္ဘာတစ်ပတ် ထိုင်ရာကမထပတ်နိုင်သောလိုတရအင်တာနက်ဆိုတာ ကြီးကလမ်းလျှောက်တတ်ခါစကလေးတစ်ယောက်လိုလဲကျပြီးပြန်ထ၊ပြေးလိုက်မယ်ဆိုတာချည်း နှင့်အတူဖေ့စ်ဘွတ်ခ်ဆိုသည့်ကမ္ဘာပတ်ကွန်ရက်ကြီးကအသစ်မြင်မြို့ပြလူငယ်တို့နှင့် တွေ့ဆုံနှုတ်ဆက်ခရီးအတူထွက်ခဲ့ကြသည်ကျနော်တို့လူငယ်များက Speed ဆိုသောအဓိပ္ပါယ်ကိုအဲဒီမှာစသတိပြုမိလာကြသည်။

 

မြန်မာ့နိုင်ငံရေးဆိုတာကြီးကတော့ စစ်ဖိနပ်ချွတ်ပြီးခေါင်းပေါင်းစွပ်ကြသည့်၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲကြောင့်လှုပ်မလာ။စစ်အစိုးရဘာပြောပြော ပြည်သူက လုံးဝမယုံ။ရွေးကောက်ပွဲမကျင်းပမီက တည်းကကြံ့ဖွံ့နိုင်ပြီးသား၊သမ္မတကသိန်းစိန်၊လွှတ်တော်ဥက္ကဌကရွှေမန်း။ရွေးကောက်ပွဲမကျင်းပမီကတည်းကဒုတိယအာဏာရှင်သန်းရွှေကခွဲတမ်းချခဲ့ပြီးသားအစိုးရ။လွှတ်တော်နှင့်အစိုးရတိုက်ပွဲစပြီဆိုတာတောင် မလှုပ်လှုပ်အောင်လုပ်သည့် ဒီလိုလုပ်ဇာတ်မျိုးရိုးနေပြီဟု ပြည်သူတို့၏တွေးမှုခေါ်မှုသည် ပြတ် ပြတ်သားသား။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံရှေ့ ကြီးနှစ်ကြီးတွေ့ဆုံအပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်ဟုကြေညာအပြီးကျမှသာ Speed ဆိုတာကြီးကတာလွှတ်လိုက်သည့်အပြေးသမားလိုစွတ်ပြေးတော့သည်။

 

Speed ဆိုသောအရာသည် ဒေါ်အောင်ဆန်းစုကြည်လည်းဖြစ်ပြီး မြန်မာ့နိုင်ငံရေးပြေးလမ်းပေါ် တောက်လျှောက်ပြေးသည်။ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးဟောပြောပွဲ။ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအနှံ့ မနာတမ်း။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်လောင်းအားလုံး ပြတ်ပြတ်သားသားရွေးကောက်ပွဲအနိုင်ရရှိကာလွှတ်တော်ထဲရောက်ရှိလာပြီးနောက်တွင် ပိုမြန်နှုန်းမြင့်လာခဲ့သည်။

 

ဒီမိုကရေစီစေ့ဆော်လှိုင်းသည် လွှတ်တော်တွင် အရှိန်ရလာသလို ပြည်သူတို့ကြားထဲတွင်လည်းရှေ့သို့ချီရန် ခွန်အားကောင်းသထက်ကောင်းလာသည်။ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြတ်ပြတ်သားသားအောင်ပွဲခံပြီးနောက်တွင် အရှိန်ရလာသောဒီမိုကရေစီစေ့ဆော်လှိုင်းနှင့်အတူဒီမိုကရေစီနောက်ပြန်လှိုင်းသည်လည်းလူသိရှင်ကြားစတင်တော့သည်။

 

လွှတ်တော်အတွင်း၊အပြင်အခြေခံဥပဒေပြင်ဆင်ရေးဖြင့် ဒီမိုကရေစီစေ့ဆော်လှိုင်းကိုခပ်ပြတ်ပြတ် ရှေ့တိုးရန်ကြိုးစားသည်။နောက်ပြန်လှိုင်း၏ ပြင်းထန်သောအတားအဆီးများကိုမကျော်နိုင်။စေ့ဆော်လှိုင်း နှင့်နောက်ပြန်လှိုင်းတို့၏ အပြန်အလှန်ထိပ်တိုက်တွေ့ဆုံမှု ခပ်စိပ်စိပ်ဖြစ်လာသလိုကိုယ့်မြန်နှုန်းဖြင့်ကိုယ် ကျွမ်းထိုးမှောက်ခုံမဖြစ်အောင် ထိန်းရသည်အထိ မြန်လာခဲ့သည်။လူမျိုးဘာသာအယောင်ပြအကြမ်းဖက်မှု များမှသည် မဘသဖွဲ့စည်းခြင်း၊မဘသဥပဒေနှင့် လူမျိုးဘာသာအသုံးချ ရွေးကောက်ပွဲအနိုင်ရရှိရေး။မမြင်ရသောလှိုင်းတို့သည်လည်း မြန်နှုန်းမြှင့်လာခဲ့သည်။

 

၂၀၁၅ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရေစီစေ့ဆော်လှိုင်းကမဟာဗျူဟာမြောက် အရွေ့ကြီးခဲ့သော် လည်း မြန်မာနိုင်ငံရေးSpeedသည် နောက်မှလိုက်လာသောနောက်ပြန်လှိုင်းနှင့်အတူသွက်သွက်မြန်နေဆဲဖြစ်သည်။

 

စစ်တပ် ၂၅ရာခိုင်နှုန်းဗြောင်ရရှိထားမှုအပေါ်အခြခံကာစစ်တပ်နှင့်စစ်တပ်ပါတီပြည်ခိုင်ဖြိုးတို့ အာဏာရရှိအောင် ရေးဆွဲထားသော ၂၀၀၈အခြေခံဥပဒေကြီး၏ တခြားပါတီအာဏာမရရေးကြိုးကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြတ်တောက်နိုင်ခဲ့သော်လည်းဒုတိယကြိုးဖြစ်သည့် စစ်တပ်၏နိုင်ငံရေးအခန်းကဏ္ဍ ပါဝင်ခွင့်ရနေမှုနှင့် အုပ်ချုပ်ရေးကဏ္ဍ၏တစ်စိတ်တစ်ပိုင်းကိုစစ်တပ်ကချယ်လှယ်နိုင်ခွင့်အပေါ် ဖျက်မရငြင်းမရခဲ့ပေ။

ထို့ကြောင့်ဒီမိုကရေစီစေ့ဆော်လှိုင်းသည် ရှေ့တစ်လှမ်းတိုးလိုက်သည့်အခါတိုင်းနောက်ပြန်လှိုင်း ၏ကန့်လန့်ခံဒုက္ခပေးမှုများကြောင့် ရောက်ရမည့်အချိန်အတွင်းရောက်ရမည့်ပမာဏမရောက်ရဖြစ်ခဲ့သည်။ တိုင်းပြည်သည် ရှေ့သို့ရောက်သင့်သလောက်မရောက်။လှိုင်းနှစ်ခုထိပ်တိုက်တွေ့မှုသည် ၂၀၂၀ရွေးကောက် ပွဲနီးလေပိုစိပ်လေဖြစ်လာသလိုလှိုင်းနှစ်ခုထိပ်တိုက်တွေ့မိတိုင်းတွင် မီးပွားများလွင့်စင်လာသည်အထိအရှိန် ပြင်းလွန်းလှသည်။

၂၀၂၀ရွေးကောက်ပွဲအပြီး အနိုင်ရလဒ်ပိုမိုပြတ်သားလွန်းစွာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိုးပြိုကျသလိုအောင်မြေနင်းနိုင်ခဲ့သည်။ယင်းသည် အရှိန်ပိုကောင်းသောဒီမိုကရေစီစေ့ဆော်လှိုင်းအဖြစ် ရွပ်ရွပ် ချွန်ချွန်ရှေ့သို့ချီရန် လမ်းပွင့်သွားခြင်းဖြစ်သလိုနောက်ပြန်လှိုင်း၏အရှိန် လျော့ကျသွားတော့မည်ဟု နိုင်ငံရေးအကဲခတ်တို့ကတွက်ဆခဲ့ကြသည်။

 

သို့သော်၊အမဲသားစားဖူးသောအရူးတစ်ယောက်လို ဖေဖေါ်ဝါရီ၁ရက်နေ့သည် သွက်သွက်ခါရောက် လာခဲ့သည်။ရူးခါနေသောနောက်ပြန်လှိုင်းသည် သူ့ရှိသမျှအားအကုန်ဖြင့် ရှေ့သို့သွားနေသောတိုင်းပြည်ကိုငရဲသို့ရောက်အောင်တရွတ်တိုက်ဆွဲလိုက်ခြင်းလည်းဖြစ်သည်။

 

နောက်ပြန်လှိုင်းသည် ထန်ပြင်းသောအရှိန်ဖြင့် နောက်ပြန်ဆွဲခြင်းဖြစ်ပြီးချက်ချင်းဆိုသလိုဒီမိုကရေစီစေ့ဆော်လှိုင်းသည်လည်းပို၍ထန်ပြင်းသောအရှိန်ဖြင့် လက်သုံးချောင်းထောင်တော့သည်။ဒီမိုကရေစီရေးကြွေးကြော်သံသည် ကျည်ထိမှန်ခြင်းအခါခါ။ပြီးတော့သိပ်မကြာ၊သေနတ်ကိုသေနတ်ချင်း။ဒီမိုကရေစီ စေ့ဆော်လှိုင်း၏အရှိန်သည် လျော့မသွားအားကောင်းမောင်းသန် ရှေ့သို့ချီခဲ့သည်။

 

လှိုင်းနှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုတို့သည် ၂၄နာရီပြည့်။၂၄နာရီ မီးပွင့်နေမှုသည် မြန်မာတလွှား။ ထိပ်တိုက်တွေ့ဆုံမှုသည် မည်သည့်အချိန်တွင်အဆုံးသတ်မည်ဟုမည်သူမျှ ဟောကိန်းမထုတ်နိုင်သေးသည့်တိုင်ပြေးလမ်းမပေါ် အချိန်ပြည့် အရှိန်ပြည့် အင်တာနက်ကမ္ဘာကြီးထဲကနက်လူငယ်တို့၏Speed သည် မြန်နှုန်းဆက်မြှင့်ကာလီဗာကိုမလွှတ်တမ်းနင်းနေခဲ့သည်။ဒီမိုကရေစီစေ့ဆော်လှိုင်းသာအနိုင်ရခဲ့လျှင် တံခါးမရှိဓားမရှိဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုကြီးဆီသို့ နောက်ပြန်လှိုင်းအဟန့်အတားရယ်မရှိ။

 

တစ်ခုခုကိုပြောလိုက်ရန် စောနေသေးသော်လည်းယခုပွဲသည် သရေမရှိ။တွေ့ဆုံဆွေးနွေးမှုမရှိ။ကိုယ်မနိုင်လျှင် ကိုယ်ပွဲပြီးမည့်ကိန်းမို့ အမှားမခံ။ပြည်သူတို့၏ခုခံတော်လှန်စစ် စက်တင်ဘာ၇ ရက်နေ့ တွင်စပြီ။

မင်းကိုမင်း

 

 

Zawgyi

ခြန္ျပည့္အားျပည့္ ျမန္ႏႈန္းျမင့္ ဒီမုိကေရစီ

 

အရင္တုန္းကနဲ႔ မတူေတာ့ဘူးလုိ႔စာရႈသူတုိ႔လည္းခံစားမိမွာေသခ်ာသည္။အရင္တုန္းကဆုိသည္ မွာ ၁၉၉၀ျပည့္ႏွစ္မွ၂၀၁၀ျပည့္ႏွစ္ ၀န္းက်င္ကာလမ်ားကုိဆုိလုိျခင္းျဖစ္သည္။ထုိကာလသည္ က်ေနာ္တုိ႔ ေသြးရုိးသားရုိးျပည္သူမ်ားအတြက္ ေမွာင္အတိႀကီးခဲ့ေသာေန႔မ်ားျဖစ္သည္။ေသြးရုိးသားရုိးဆုိသည္မွာအာဏာျဖင့္ သုိက္တူးေနၾကကုန္ေသာအာဏာရွင္တစ္သုိက္ႏွင့္၄င္းတုိ႔ႏွင့္ေပါင္းမစားျပဳတ္မစားဘဲကုိယ့္ ေျခကုိယ့္လက္ကုိယ္ဥာဏ္ပညာျဖင့္ ႀကဳိးစားရုန္းကန္ခဲ့ၾကသူမ်ားကုိဆုိလုိျခင္းျဖစ္သည္။

 

က်ေနာ္တုိ႔အတြက္ ကုိယ့္အသက္ကုိယ္ ထိစမ္းမိတယ္ဆုိရုံေလး၊ကုိယ့္မနက္ျဖန္ကုိယ္ စိတ္ခ်လက္ ခ်မယုံၾကည္ရသည့္အေျခအေနမ်ဳိးျဖင့္ ေလးလိေလးကန္ျဖတ္သန္းခဲ့ရသည္။မနက္ျဖန္တြင္ အက်ဳိးအေၾကာင္းမရွိဘဲအလုပ္ျပဳတ္သြားႏုိင္သလုိဘုမသိဘမသိေထာင္ထဲေရာက္သြားႏုိင္သည္။က်ေနာ္တုိ႔အတြက္ေသခ်ာျခင္းမ်ားမွာအပ်က္သေဘာခ်ည္းသာရွိေၾကာင္းတရားမွတ္စရာမလုိ၊စိတ္ပုတီးႏုိင္ႏုိင္စိပ္စရာမလုိဘဲက်ေနာ္တုိ႔ ဆင္ျခင္မိၾကသည္ခ်ည္းျဖစ္သည္။

 

က်ေနာ္တုိ႔ ေျပာေျပာေနသည့္ ဒီမုိကေရစီဆုိသည္မွာလည္းဆူးေတြနဲ႔ခ်ည္းျဖစ္သည္။ဒီမုိကေရစီသည္ ကုိယ့္ႏွလုံးသားကုိယ္ တေရးႏုိးထၾကည့္လွ်င္ေတာင္ ဖူးပြင့္လ်က္ရွိၿပီးလက္ေတြ႔မ်က္ျမင္ဘယ္ေတာ့ ပြင့္မလဲဟုေမးပါကက်ေနာ္တုိ႔ဆုိ႔အမိၿမဲျဖစ္သည္။

 

က်ေနာ္တုိ႔၏ေျခေထာက္တြင္ ခဲဆြဲထားသည့္ပမာသံေျချခင္းအခတ္ခံထားရသည့္ပမာမုိ႔ က်ေနာ္ တုိ႔ေျခလွမ္းတုိ႔သည္ ယုိင္တိယုိင္တုိင္ ေလးလံေႏွးေကြးခဲ့သည္။ထုိ႔ေၾကာင့္ ဂလုိဗယ္ဆရာမ်ားကကမာၻ႔ရြာ ႀကီးအေၾကာင္း ျမန္ႏႈန္းျမင့္ဂလုိဗယ္လုိက္ေဇးရွင္းအေၾကာင္းေရးျပေတာ့ က်ေနာ္တုိ႔အပ်င္းေျပဖတ္ရင္းရယ္ေမာခဲ့ၾကရသည္။ပထ၀ီနယ္နိမိတ္မ်ဥ္းမ်ား ပါးလ်လာၿပီဆုိေတာ့ အသားမာမ်ားျဖင့္ ထူထဲလြန္းေနေသာက်ေနာ္တုိ႔ဦးေႏွာက္ကမည္သုိ႔မွ် နားမလည္ႏုိင္ျဖစ္ရသည္။

 

ဂလုိဗယ္လုိက္ေဇးရွင္းကုိက်ေနာ္တုိ႔ဖတ္ရၿပီျဖစ္ေသာ္လည္းကြန္ပ်ဴတာကီးဘုတ္ေပၚ ခ်မိေသာၿမဳိ႕ျပလူငယ္တုိ႔၏ လက္ေခ်ာင္းေလးမ်ားသည္ပင္တုန္ရင္ေနဆဲျဖစ္သည္။လက္ေတာ့ဆုိသည္မွာလူလတ္ တန္းစားမ်ားႏွင့္ဘာမွမဆုိင္ေသး။ခလုတ္ႏွိပ္ရေသာဖုန္းဟန္းဆက္ေသးေသးမႊားမႊားကုိ ခါးၾကားထုိးႏုိင္လွ်င္ သူေဌးျဖစ္ေၾကာင္းသတ္မွတ္ခံရသည့္ကာလ။လူလတ္တန္းစားရပ္ကြက္အတြင္း ႀကဳိးဖုန္းတစ္လုံးရွိလွ်င္ မိ သားစု၀မ္းမီးၿငိမ္းသည့္ကာလ။ႏုိင္ငံတကာတြင္ အခုပုိ႔အခုေရာက္ အီးေမးလ္စနစ္ကုိအသုံးျပဳေနတာ ၾကာလွၿပီျဖစ္ေသာ္လည္းက်ေနာ္တုိ႔အတြက္အင္တာနက္ဆုိတာဘာပါလိမ့္ဟုအေတြးေခါင္ၾကရင္းအိပ္ေရးပ်က္ ၾကရသည္။က်ေနာ္တုိ႔ဆီမွာေတာ့ အပ်င္းႀကီးလွေသာစာတုိက္ပုံးနီနီႏွင့္ပုိ႔စ္မန္းကုိသာအားျပဳရဆဲျဖစ္ သည္။

 

က်ေနာ္တုိ႔မေပ်ာ္ခဲ့ေသာေန႔စြဲမ်ားျဖစ္သည္။က်ေနာ္တုိ႔မေပ်ာ္ရုံတင္မကေလာကဓံေပါင္းေသာင္းေျခာက္ေထာင္ကုိ ေန႔စဥ္ေရွာင္တိမ္းေနရေသာေန႔စြဲမ်ားလည္းျဖစ္သည္။သုိ႔ေသာ္၊မေပ်ာ္တာကုိ မေပ်ာ္ ေၾကာင္းပင္ ထုတ္ေဖာ္ေျပာၾကားလုိ႔မရသည့္ကာလ။တုိင္းျပည္ဆင္းရဲေၾကာင္းဆင္းရဲေနေသာျပည္သူမ်ားမသိေစရန္အတြက္ ရုပ္ရွင္ႏွင့္ဗီဒီယုိမ်ားတြင္ဆင္းရဲသည့္ဇာတ္၀င္ခန္းမ်ားပါလာလွ်င္ ဆင္ဆာအလုပ္ခံရ။

 

ထုိသုိ႔ေသာဒုကၡႏွင့္မဟုတ္ကဟုတ္ကမ်ားကုိရယ္တတ္ေမာတတ္စြာျဖင့္ ကုိယ့္အသက္ကုိယ့္ဘ၀ မေသေအာင္ႀကံဖန္ေမြးေနရဆဲအခ်ိန္မွာပင္ နာဂစ္ဆုိတာႀကီးက ျမန္ႏႈန္းျမင့္အရွိန္ျဖင့္ ေရာက္ရွိသတ္ျဖတ္ခဲ့ ျပန္သည္။က်ေနာ္တုိ႔မ်က္ရည္ေတြ အတားအတီးမဲ့ ဒရေဟာ။က်ေနာ္တုိ႔ကုိယ့္မ်က္ရည္ကုိယ္ ျမန္ျမန္သုတ္ ကာ ျမန္ျမန္ဆန္ဆန္ကူညီမႈမ်ားစတင္ေတာ့ အာဏာရွင္တုိ႔ကဟန္႔တားမႈမ်ဳိးစုံျဖင့္ ပယ္ခ်။နာဂစ္ဒုကၡ သည္မ်ားအတြက္ က်ေနာ္တုိ႔တတ္ႏုိင္သမွ်ေသာအကူအညီပင္ ေနာက္က်ခဲ့ရသည္။

 

တစ္ကမာၻလုံးနီးပါး ျမန္ႏႈန္းျမွင့္ကာ Speed ဆုိသည္ကုိအခ်ိန္ျပည့္တြင္တြင္ေျပာေနခ်ိန္တြင္ က် ေနာ္တုိ႔ဘ၀သည္ေလးလံစြာ၊ထုိင္းမႈိင္းစြာ ယုိင္ယုိင္ထုိးထုိးမုိ႔ လုိရာခရီးကုိအခ်ိန္ေပးေလွ်ာက္သည့္တုိင္ ေရာက္ဖုိ႔ခက္ခဲ့ရသည္။

 

၂၀၁၀ျပည့္ႏွစ္၀န္းက်င္တြင္ ကမာၻတစ္ပတ္ ထုိင္ရာကမထပတ္ႏုိင္ေသာလုိတရအင္တာနက္ဆုိတာ ႀကီးကလမ္းေလွ်ာက္တတ္ခါစကေလးတစ္ေယာက္လုိလဲက်ၿပီးျပန္ထ၊ေျပးလုိက္မယ္ဆုိတာခ်ည္း ႏွင့္အတူေဖ့စ္ဘြတ္ခ္ဆုိသည့္ကမာၻပတ္ကြန္ရက္ႀကီးကအသစ္ျမင္ၿမဳိ႕ျပလူငယ္တုိ႔ႏွင့္ ေတြ႔ဆုံႏႈတ္ဆက္ခရီးအတူထြက္ခဲ့ၾကသည္က်ေနာ္တုိ႔လူငယ္မ်ားက Speed ဆုိေသာအဓိပၸါယ္ကုိအဲဒီမွာစသတိျပဳမိလာၾကသည္။

 

ျမန္မာ့ႏုိင္ငံေရးဆုိတာႀကီးကေတာ့ စစ္ဖိနပ္ခၽြတ္ၿပီးေခါင္းေပါင္းစြပ္ၾကသည့္၂၀၁၀ျပည့္ႏွစ္ေရြးေကာက္ပြဲေၾကာင့္လႈပ္မလာ။စစ္အစုိးရဘာေျပာေျပာ ျပည္သူက လုံး၀မယုံ။ေရြးေကာက္ပြဲမက်င္းပမီက တည္းကႀကံ့ဖြံ႔ႏုိင္ၿပီးသား၊သမၼတကသိန္းစိန္၊လႊတ္ေတာ္ဥကၠဌကေရႊမန္း။ေရြးေကာက္ပြဲမက်င္းပမီကတည္းကဒုတိယအာဏာရွင္သန္းေရႊကခြဲတမ္းခ်ခဲ့ၿပီးသားအစုိးရ။လႊတ္ေတာ္ႏွင့္အစုိးရတုိက္ပြဲစၿပီဆုိတာေတာင္ မလႈပ္လႈပ္ေအာင္လုပ္သည့္ ဒီလုိလုပ္ဇာတ္မ်ဳိးရုိးေနၿပီဟု ျပည္သူတုိ႔၏ေတြးမႈေခၚမႈသည္ ျပတ္ ျပတ္သားသား။

 

ဗုိလ္ခ်ဳပ္ေအာင္ဆန္းရုပ္ပုံေရွ႕ ႀကီးႏွစ္ႀကီးေတြ႔ဆုံအၿပီးအမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ၾကားျဖတ္ေရြးေကာက္ပြဲ ၀င္မည္ဟုေၾကညာအၿပီးက်မွသာ Speed ဆုိတာႀကီးကတာလႊတ္လုိက္သည့္အေျပးသမားလုိစြတ္ေျပးေတာ့သည္။

 

Speed ဆုိေသာအရာသည္ ေဒၚေအာင္ဆန္းစုၾကည္လည္းျဖစ္ၿပီး ျမန္မာ့ႏုိင္ငံေရးေျပးလမ္းေပၚ ေတာက္ေလွ်ာက္ေျပးသည္။ၾကားျဖတ္ေရြးေကာက္ပြဲစည္းရုံးေဟာေျပာပြဲ။ေဒၚေအာင္ဆန္းစုၾကည္သည္ ျမန္မာႏုိင္ငံအႏွံ႔ မနာတမ္း။အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္အမတ္ေလာင္းအားလုံး ျပတ္ျပတ္သားသားေရြးေကာက္ပြဲအႏုိင္ရရွိကာလႊတ္ေတာ္ထဲေရာက္ရွိလာၿပီးေနာက္တြင္ ပုိျမန္ႏႈန္းျမင့္လာခဲ့သည္။

 

ဒီမုိကေရစီေစ့ေဆာ္လႈိင္းသည္ လႊတ္ေတာ္တြင္ အရွိန္ရလာသလုိ ျပည္သူတုိ႔ၾကားထဲတြင္လည္းေရွ႕သုိ႔ခ်ီရန္ ခြန္အားေကာင္းသထက္ေကာင္းလာသည္။ၾကားျဖတ္ေရြးေကာက္ပြဲတြင္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ျပတ္ျပတ္သားသားေအာင္ပြဲခံၿပီးေနာက္တြင္ အရွိန္ရလာေသာဒီမုိကေရစီေစ့ေဆာ္လႈိင္းႏွင့္အတူဒီမုိကေရစီေနာက္ျပန္လႈိင္းသည္လည္းလူသိရွင္ၾကားစတင္ေတာ့သည္။

 

လႊတ္ေတာ္အတြင္း၊အျပင္အေျခခံဥပေဒျပင္ဆင္ေရးျဖင့္ ဒီမုိကေရစီေစ့ေဆာ္လႈိင္းကုိခပ္ျပတ္ျပတ္ ေရွ႕တုိးရန္ႀကဳိးစားသည္။ေနာက္ျပန္လႈိင္း၏ ျပင္းထန္ေသာအတားအဆီးမ်ားကုိမေက်ာ္ႏုိင္။ေစ့ေဆာ္လႈိင္း ႏွင့္ေနာက္ျပန္လႈိင္းတုိ႔၏ အျပန္အလွန္ထိပ္တုိက္ေတြ႔ဆုံမႈ ခပ္စိပ္စိပ္ျဖစ္လာသလုိကုိယ့္ျမန္ႏႈန္းျဖင့္ကုိယ္ ကၽြမ္းထုိးေမွာက္ခုံမျဖစ္ေအာင္ ထိန္းရသည္အထိ ျမန္လာခဲ့သည္။လူမ်ဳိးဘာသာအေယာင္ျပအၾကမ္းဖက္မႈ မ်ားမွသည္ မဘသဖြဲ႔စည္းျခင္း၊မဘသဥပေဒႏွင့္ လူမ်ဳိးဘာသာအသုံးခ် ေရြးေကာက္ပြဲအႏုိင္ရရွိေရး။မျမင္ရေသာလႈိင္းတုိ႔သည္လည္း ျမန္ႏႈန္းျမွင့္လာခဲ့သည္။

 

၂၀၁၅ေရြးေကာက္ပြဲအၿပီးတြင္ ဒီမုိကေရစီေစ့ေဆာ္လႈိင္းကမဟာဗ်ဴဟာေျမာက္ အေရြ႕ႀကီးခဲ့ေသာ္ လည္း ျမန္မာႏုိင္ငံေရးSpeedသည္ ေနာက္မွလုိက္လာေသာေနာက္ျပန္လႈိင္းႏွင့္အတူသြက္သြက္ျမန္ေနဆဲျဖစ္သည္။

 

စစ္တပ္ ၂၅ရာခုိင္ႏႈန္းေျဗာင္ရရွိထားမႈအေပၚအျခခံကာစစ္တပ္ႏွင့္စစ္တပ္ပါတီျပည္ခုိင္ၿဖဳိးတုိ႔ အာဏာရရွိေအာင္ ေရးဆြဲထားေသာ ၂၀၀၈အေျခခံဥပေဒႀကီး၏ တျခားပါတီအာဏာမရေရးႀကဳိးကုိအမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္က ျဖတ္ေတာက္ႏုိင္ခဲ့ေသာ္လည္းဒုတိယႀကဳိးျဖစ္သည့္ စစ္တပ္၏ႏုိင္ငံေရးအခန္းက႑ ပါ၀င္ခြင့္ရေနမႈႏွင့္ အုပ္ခ်ဳပ္ေရးက႑၏တစ္စိတ္တစ္ပုိင္းကုိစစ္တပ္ကခ်ယ္လွယ္ႏုိင္ခြင့္အေပၚ ဖ်က္မရျငင္းမရခဲ့ေပ။

 

ထုိ႔ေၾကာင့္ဒီမုိကေရစီေစ့ေဆာ္လႈိင္းသည္ ေရွ႕တစ္လွမ္းတုိးလုိက္သည့္အခါတုိင္းေနာက္ျပန္လႈိင္း ၏ကန္႔လန္႔ခံဒုကၡေပးမႈမ်ားေၾကာင့္ ေရာက္ရမည့္အခ်ိန္အတြင္းေရာက္ရမည့္ပမာဏမေရာက္ရျဖစ္ခဲ့သည္။ တုိင္းျပည္သည္ ေရွ႕သုိ႔ေရာက္သင့္သေလာက္မေရာက္။လႈိင္းႏွစ္ခုထိပ္တုိက္ေတြ႔မႈသည္ ၂၀၂၀ေရြးေကာက္ ပြဲနီးေလပုိစိပ္ေလျဖစ္လာသလုိလႈိင္းႏွစ္ခုထိပ္တုိက္ေတြ႔မိတုိင္းတြင္ မီးပြားမ်ားလြင့္စင္လာသည္အထိအရွိန္ ျပင္းလြန္းလွသည္။

 

၂၀၂၀ေရြးေကာက္ပြဲအၿပီး အႏုိင္ရလဒ္ပုိမုိျပတ္သားလြန္းစြာျဖင့္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ မုိးၿပဳိက်သလုိေအာင္ေျမနင္းႏုိင္ခဲ့သည္။ယင္းသည္ အရွိန္ပုိေကာင္းေသာဒီမုိကေရစီေစ့ေဆာ္လႈိင္းအျဖစ္ ရြပ္ရြပ္ ခၽြန္ခၽြန္ေရွ႕သုိ႔ခ်ီရန္ လမ္းပြင့္သြားျခင္းျဖစ္သလုိေနာက္ျပန္လႈိင္း၏အရွိန္ ေလ်ာ့က်သြားေတာ့မည္ဟု ႏုိင္ငံေရးအကဲခတ္တုိ႔ကတြက္ဆခဲ့ၾကသည္။

 

သုိ႔ေသာ္၊အမဲသားစားဖူးေသာအရူးတစ္ေယာက္လုိ ေဖေဖၚ၀ါရီ၁ရက္ေန႔သည္ သြက္သြက္ခါေရာက္ လာခဲ့သည္။ရူးခါေနေသာေနာက္ျပန္လႈိင္းသည္ သူ႔ရွိသမွ်အားအကုန္ျဖင့္ ေရွ႕သုိ႔သြားေနေသာတုိင္းျပည္ကုိငရဲသုိ႔ေရာက္ေအာင္တရြတ္တုိက္ဆြဲလုိက္ျခင္းလည္းျဖစ္သည္။

ေနာက္ျပန္လႈိင္းသည္ ထန္ျပင္းေသာအရွိန္ျဖင့္ ေနာက္ျပန္ဆြဲျခင္းျဖစ္ၿပီးခ်က္ခ်င္းဆုိသလုိဒီမုိကေရစီေစ့ေဆာ္လႈိင္းသည္လည္းပုိ၍ထန္ျပင္းေသာအရွိန္ျဖင့္ လက္သုံးေခ်ာင္းေထာင္ေတာ့သည္။ဒီမုိကေရစီေရးေၾကြးေၾကာ္သံသည္ က်ည္ထိမွန္ျခင္းအခါခါ။ၿပီးေတာ့သိပ္မၾကာ၊ေသနတ္ကုိေသနတ္ခ်င္း။ဒီမုိကေရစီ ေစ့ေဆာ္လႈိင္း၏အရွိန္သည္ ေလ်ာ့မသြားအားေကာင္းေမာင္းသန္ ေရွ႕သုိ႔ခ်ီခဲ့သည္။

 

လႈိင္းႏွစ္ခု၏ ထိပ္တုိက္ေတြ႔ဆုံမႈတုိ႔သည္ ၂၄နာရီျပည့္။၂၄နာရီ မီးပြင့္ေနမႈသည္ ျမန္မာတလႊား။ ထိပ္တုိက္ေတြ႔ဆုံမႈသည္ မည္သည့္အခ်ိန္တြင္အဆုံးသတ္မည္ဟုမည္သူမွ် ေဟာကိန္းမထုတ္ႏုိင္ေသးသည့္တုိင္ေျပးလမ္းမေပၚ အခ်ိန္ျပည့္ အရွိန္ျပည့္ အင္တာနက္ကမာၻႀကီးထဲကနက္လူငယ္တုိ႔၏Speed သည္ ျမန္ႏႈန္းဆက္ျမွင့္ကာလီဗာကုိမလႊတ္တမ္းနင္းေနခဲ့သည္။ဒီမုိကေရစီေစ့ေဆာ္လႈိင္းသာအႏုိင္ရခဲ့လွ်င္ တံခါးမရွိဓားမရွိဒီမုိကေရစီဖက္ဒရယ္ျပည္ ေထာင္စုႀကီးဆီသုိ႔ ေနာက္ျပန္လႈိင္းအဟန္႔အတားရယ္မရွိ။

 

တစ္ခုခုကုိေျပာလုိက္ရန္ ေစာေနေသးေသာ္လည္းယခုပြဲသည္ သေရမရွိ။ေတြ႔ဆုံေဆြးေႏြးမႈမရွိ။ကုိယ္မႏုိင္လွ်င္ ကုိယ္ပြဲၿပီးမည့္ကိန္းမုိ႔ အမွားမခံ။ျပည္သူတုိ႔၏ခုခံေတာ္လွန္စစ္ စက္တင္ဘာ၇ ရက္ေန႔ တြင္စၿပီ။

မင္းကုိမင္း

Related Articles

Back to top button