ဆောင်းပါးတိုင်းရင်းသားအကြောင်းအင်တာဗျူး

ကျားဖြူပါတီ တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုင်းအောင်မြင့်ခိုင် နှင့် တွေ့ဆုံခြင်း

ကျားဖြူပါတီ တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုင်းအောင်မြင့်ခိုင် နှင့် တွေ့ဆုံခြင်း

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေပေါင်းစည်းခြင်းအပေါ် အမြင်သဘောထား ထို့သို့ ပေါင်းစည်းလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အားသာချက်များ ရွေးကောက်ပွဲဝင်ပြိုင်မည့် ကျားဖြူပါတီ၏ ရည်မှန်းချက်များကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းအောင်မြင့်ခိုင်နှင့် ဆွေးနွေးဖြစ်ခဲ့ပါသည်။

ပထမဆုံး ဆရာ့ အမည် ရာထူး လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်း ကြောင်းလေး ပြောပြပေးပါ။

ဦးစိုင်းအောင်မြင့်ခိုင်၊ တွဲဖက် အတွင်းရေးမှူး (၁)၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ ပါတီ)။

၂၀၁၅ ရွေးကောက်ပွဲတုန်းက တိုင်းရင်း သားပါတီတွေ ရလဒ်မကောင်းတာ တွေ့ခဲ့ရတယ်။ လာမယ့် ၂၀၂၀ ရွေး ကောက်ပွဲမှာ ရောတိုင်းရင်းသားပါတီ တွေရဲ့ အခန်းကဏ္ဍက ဘယ်လို ဖြစ် လာမလဲ။ အားကောင်းလာမလား။ အားနည်းသွားနိုင်လား။ ဆွေးနွေး ပေးပါ။

၂၀၁၅ မှာ တိုင်းရင်းသားပါတီများ ရလဒ်မကောင်းရခြင်းမှာ အပြောင်း အလဲကို လိုလား တောင့်တခြင်းကြောင့် NLD သို့ မဲပုံပေးခဲ့ခြင်းကြောင့် တိုင်းရင်း သားပါတီများ ရလဒ်မကောင်း ခဲ့ပါ။ ယခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် ပြည်မပါတီကြီးများ အကုန်သိမ်း ကျုံးနိုင်မည့် အနေအထားနည်းပါးပါသည်။ တိုင်းရင်း သားပါတီများလည်း အတော်များများက ပေါင်းစည်း သွားကြပြီး မိမိတို့အမျိုးသားကို မိမိတို့ စုစည်းမိ သွားကြပြီဖြစ်၍ တိုင်းရင်းသားဒေသတွင် သက်ဆိုင်ရာ တိုင်းရင်းသားများကသာ အနိုင်ရမည်ဟု သုံးသပ်ရပါ သည်။ ထို့ကြောင့် ပြည်ထောင်စု တွင် တိုင်းရင်းသား များ၏ အခန်းကဏ္ဍသည် အရေးပါလာပါလိမ့်မည်။

အခုဆိုရင် တိုင်းရင်းသားပါတီတွေ မဟာမိတ်ဖွဲ့လာ ကြတာတွေ့ရတယ်။ နိင်ငံရေးမူဝါဒတူရာ စုစည်းကြ တဲ့ သဘောဆိုတော့ ဆရာ့အနေနဲ့ တိုင်းရင်းသားနိုင်ငံ ရေးပါတီတွေ ပေါင်းစည်းရေးမှာ အဟန့်အတား ဖြစ်စေတဲ့ စိန်ခေါ်မှုနဲ့ ပေါင်းစည်းလိုက်တဲ့အတွက် ရရှိလာမယ့် အောင်မြင်မှုတွေကို  သုံးသပ်ပေးပါ။

တိုင်းရင်းသားပါတီများ မဟာမိတ်ဖွဲ့လာခြင်း သည် ကောင်းသောရလဒ်ဖြစ်ပေါ်ရေးအတွက်ဟု သုံးသပ်မိပါသည်။ စိန်ခေါ်မှုကတော့ တိုင်းရင်းသား ပါတီအချင်းချင်း အဓိက ရည်မှန်းချက်ခြင်း တူကြသော် လည်း အကောင်အထည်ဖော်ခြင်းတွင် ကွဲပြားခြားနား မှုများ ရှိနေကြ၍ ညှိနှိုင်းရာတွင် ခက်ခဲလေ့ရှိသည်။ သို့သော် အောင်မြင်မှုတော့ ရသွားလေ့ရှိပါသည်။ ပေါင်းစည်းလိုသည့်အတွက် ပြည်သူများအတွက် ဝေဝါးသောအမြင်များကို ပြေပျောက်စေပြီး တိုင်းရင်း သားအချင်းချင်း ပြန်လည်စုစည်းမှု ရလဒ်ကောင်း ဖြစ်ပေါ်စေသည်။ ပေါင်းစည်းနိုင်၍ အင်အားတစ်စုံ တစ်ရာလည်း ကြီးလာသည်ဟု ဆိုနိုင်ပါသည်။

တိုင်းရင်းသားပါတီတွေပေါင်းစည်းပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး မျှော်မှန်းချက်ထားတာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ပါ။ အဲဒီလိုပေါင်းစည်းလိုက်ခြင်းက မြန်မာပြည်ရဲ့ ဖက်ဒရယ်ဖော်ဆောင်မှုအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။ ရွေးကောက်ပွဲ လမ်းကြောင်းကနေ တိုင်းရင်းသားတန်းတူ အခွင့် အရေးကို ပိုပြီးလုပ်ဆောင်လာနိုင်မလား။ ပြည်နယ် လွှတ်တော်တွေမှာ အကျိုးသက်ရောက်မှုတွေ ပိုပြီး ဖြစ်ထွန်းလာမလား။ ပြောပြပေးပါဆရာ။

တိုင်းရင်းသားပါတီတွေ ပေါင်းစည်းခြင်းသည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ် ဖြစ်ပါသည်။ မြန်မာပြည်၏ ဖက် ဒရယ်ဖော်ဆောင်မှုအပေါ် များစွာ အကျိုးသက်ရောက် နေပါသည်။ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အောင်မြင်မှုရလာလေလေ ဖက်ဒရယ်ဖော်ဆောင်နိုင်မှု ပိုပြီး နီးစပ်လေလေ ဖြစ်ပါသည်။ ထို့အတူ တိုင်းရင်း သားများ လိုလားတောင့်တနေသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည်များလည်း ပိုမိုဆောင်ကျဉ်း နိုင်ပါလိမ့်မည်။ ပြည်နယ်လွှတ်တော်တွေမှာလည်း သက်ဆိုင်ရာပြည်နယ်အလိုက် တိုင်းရင်းသားများ ပိုမို ပါဝင်လာနိုင်၍ မိမိ၏ပြည်နယ် ကောင်းကျိုးများကို ပိုမို စွမ်းဆောင်နိုင်ပါမည်။

၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ညွှန့်ပေါင်းအစိုးရ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ အခြေအနေတွေ ကြားနေ ရတယ်။ ညွှန့်ပေါင်းအစိုးရ ဖြစ်ပေါ်ခြင်း မပေါ်ခြင်း အပေါ် ဆရာ့အမြင်သဘောထားကို ပြောပြပေးပါ။

၂၀၂၀ ရွေးကောက်ပွဲသည် တစ်ခါမှမရှိခဲ့ဖူး သော ညွန့်ပေါင်းအစိုးရ ဖြစ်ပေါ်လိမ့်မည်ဟု ယူဆပါ သည်။ ပါတီကြီး NLD ရော USDP ပါ လွတ်လွတ် ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်လောက်သည့် အနေအထား မရောက်နိုင်ဟု ထင်မြင်မိပါသည်။

ပေါင်းစည်းထားတဲ့ တိုင်းရင်းသားပါတီတွေ ၂၀၂၀ ရွေးကောက်ပွဲမှာ ရလဒ်ကောင်းခဲ့မယ်ဆိုရင် ရွေး ကောက်ပွဲအလွန်နိင်ငံရေးအခင်းအကျင်းမှာ အင်အား ကြီးပါတီတွေအကြား ဘယ်လောက်ထိ ရိုက်ခတ် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ် ထင်ပါလဲ။

ပေါင်းစည်းထားသော တိုင်းရင်းသားပါတီတွေ ရော၊ မပေါင်းစည်းနိုင်သေးသည့် တိုင်းရင်းသားပါတီ တွေရော ၂၀၂၀ ရွေးကောက်ပွဲမှာ ရလဒ်ကောင်းခဲ့မယ် ဆိုရင် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်း မှာ အင်အားကြီးပါတီတွေအပေါ် ရိုက်ခတ်ပြောင်းလဲမှု တွေ ဧကန်ဖြစ်ပေါ်လာပါမည်။ အင်အားကြီးပါတီ တွေသည် တိုင်းရင်းသားပါတီတွေမပါဘဲ တိုင်းပြည် ပြန်လည်တည်ဆောက်ရာတွင်လည်းကောင်း၊ အစိုးရ ဖွဲ့စည်းရာတွင်လည်းကောင်း တိုင်းရင်းသားများ၏ အခန်းကဏ္ဍကို အလေးအထားဘဲ မရနိုင်သည်အထိ ဖြစ်ပေါ်လာပါမည်။ တိုင်းရင်းသားပါတီများ၏ အခန်း ကဏ္ဍ အရေးပါမှု ပိုရှိလာပါမည်။

ဆရာတို့ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် မျှော်မှန်းထားတာတွေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့ရင် ဘာတွေအကောင်အထည်ဖော်ဆောင်မလဲ ဆိုတာ ပြောပြပေးပါ။

SNDP သည် ၂၀၂၀ ရွေးကောက်ပွဲကို အောက်ပါ ရည်မှန်းချက်များ ထားရှိပါသည်။

(၁)       ငြိမ်းချမ်းရေးမှ ဖက်ဒရယ်စနစ် တည် ဆောက်ရေး

(၂)       ဌာနေတိုင်းရင်းသားအခြေပြု ပြည်နယ် အစိုးရဖွဲ့စည်းရေး

(၃)       နိုင်ငံသားတစ်ဦးချင်းစီမှ တစ်နိုင်ငံလုံး စီးပွားဖွံ့ဖြိုးတိုးတက်ရေး

(၄)       ဒေသန္တရအုပ်ချုပ်ရေးတွင် ဌာနေတိုင်းရင်း သားများ ပါဝင်ရေး

(၅)       ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုသော ပညာရေးစနစ် ပေါ်ပေါက် ရေး

အဆုံးသတ်အနေနဲ့ ၂၀၂၀ရွေးကောက်ပွဲနဲ့ တိုင်းရင်း သားအခွင်းအရေးအကြောင်း သုံးသပ် ဆွေးနွေးပေး ပါ။

၂၀၂၀ ရွေးကောက်ပွဲသည် တိုင်းရင်းသားများ အတွက် အလွန်အရေးပါသော ရွေးကောက်ပွဲဖြစ်ပါ သည်။ ၂၀၂၀ သည် မိမိတို့ တိုင်းရင်းသားများအတွက် အခွင့်အရေးတစ်ရပ်ဟု ဆိုနိုင်ပါသည်။ ပြည်ထောင်စု အရေးတွင်လည်းကောင်း၊ ပြည်နယ်အရေးတွင်လည်း ကောင်း တိုင်းရင်းသားများ၏ ဆုံးရှုံးနေခဲ့သော အခွင့် အရေးများ ပြန်လည်ရရှိရေးအတွက် အခွင့်ကောင်း ဖြစ်ပါသည်။ ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လည်း ပိုမိုအထောက်အကူဖြစ်စေသည်ဟု သုံးသပ်မိ ပါသည်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

Zawgyi

က်ားျဖဴပါတီ တြဲဖက္အတြင္းေရးမွဴး(၁) ဦးစိုင္းေအာင္ျမင့္ခိုင္ ႏွင့္ ေတြ႕ဆံုျခင္း

၂၀၂၀ ေရြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြေပါင္းစည္းျခင္းအေပၚ အျမင္သေဘာထား ထို႔သို႔ ေပါင္းစည္းလိုက္ျခင္းေၾကာင့္ ျဖစ္ေပၚလာမည့္ အားသာခ်က္မ်ား ေရြးေကာက္ပြဲဝင္ၿပိဳင္မည့္ က်ားျဖဴပါတီ၏ ရည္မွန္းခ်က္မ်ားကို ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ၏ တြဲဖက္ အတြင္းေရးမွဴး ဦးစိုင္းေအာင္ျမင့္ခိုင္ႏွင့္ ေဆြးေႏြးျဖစ္ခဲ့ပါသည္။

ပထမဆံုး ဆရာ႔ အမည္ ရာထူး လက္ရွိ တာဝန္ထမ္းေဆာင္ေနတဲ႔ အဖြဲ႕အစည္း ေၾကာင္းေလး ေျပာျပေပးပါ။

ဦးစိုင္းေအာင္ျမင့္ခိုင္၊ တြဲဖက္ အတြင္းေရးမွဴး (၁)၊ ရွမ္းတိုင္းရင္း သားမ်ား ဒီမိုကရက္တစ္ ပါတီ (က်ားျဖဴ ပါတီ)။

၂၀၁၅ ေရြးေကာက္ပြဲတုန္းက တိုင္းရင္း သားပါတီေတြ ရလဒ္မေကာင္းတာ ေတြ႕ခဲ့ရတယ္။ လာမယ္႔ ၂၀၂၀ ေရြး ေကာက္ပြဲမွာ ေရာတိုင္းရင္းသားပါတီ ေတြရဲ႕ အခန္းက႑က ဘယ္လို ျဖစ္ လာမလဲ။ အားေကာင္းလာမလား။ အားနည္းသြားႏိုင္လား။ ေဆြးေႏြး ေပးပါ။

၂၀၁၅ မွာ တိုင္းရင္းသားပါတီမ်ား ရလဒ္မေကာင္းရျခင္းမွာ အေျပာင္း အလဲကို လိုလား ေတာင့္တျခင္းေၾကာင့္ NLD သို႔ မဲပံုေပးခဲ့ျခင္းေၾကာင့္ တိုင္းရင္း သားပါတီမ်ား ရလဒ္မေကာင္း ခဲ့ပါ။ ယခုလာမည့္ ၂၀၂၀ ေရြးေကာက္ပြဲသည္ ျပည္မပါတီႀကီးမ်ား အကုန္သိမ္း က်ံဳးႏိုင္မည့္ အေနအထားနည္းပါးပါသည္။ တိုင္းရင္း သားပါတီမ်ားလည္း အေတာ္မ်ားမ်ားက ေပါင္းစည္း သြားၾကၿပီး မိမိတို႔အမ်ိဳးသားကို မိမိတို႔ စုစည္းမိ သြားၾကၿပီျဖစ္၍ တိုင္းရင္းသားေဒသတြင္ သက္ဆိုင္ရာ တိုင္းရင္းသားမ်ားကသာ အႏိုင္ရမည္ဟု သံုးသပ္ရပါ သည္။ ထို႔ေၾကာင့္ ျပည္ေထာင္စု တြင္ တိုင္းရင္းသား မ်ား၏ အခန္းက႑သည္ အေရးပါလာပါလိမ့္မည္။

အခုဆိုရင္ တိုင္းရင္းသားပါတီေတြ မဟာမိတ္ဖြဲ႕လာ ၾကတာေတြ႕ရတယ္။ နိင္ငံေရးမူဝါဒတူရာ စုစည္းၾက တဲ့ သေဘာဆိုေတာ႔ ဆရာ႔အေနနဲ႔ တိုင္းရင္းသားႏိုင္ငံ ေရးပါတီေတြ ေပါင္းစည္းေရးမွာ အဟန္႔အတား ျဖစ္ေစတဲ႔ စိန္ေခၚမႈနဲ႔ ေပါင္းစည္းလိုက္တဲ႔အတြက္ ရရွိလာမယ့္ ေအာင္ျမင္မႈေတြကို  သံုးသပ္ေပးပါ။

တိုင္းရင္းသားပါတီမ်ား မဟာမိတ္ဖြဲ႕လာျခင္း သည္ ေကာင္းေသာရလဒ္ျဖစ္ေပၚေရးအတြက္ဟု သံုးသပ္မိပါသည္။ စိန္ေခၚမႈကေတာ့ တိုင္းရင္းသား ပါတီအခ်င္းခ်င္း အဓိက ရည္မွန္းခ်က္ျခင္း တူၾကေသာ္ လည္း အေကာင္အထည္ေဖာ္ျခင္းတြင္ ကြဲျပားျခားနား မႈမ်ား ရွိေနၾက၍ ညႇိႏိႈင္းရာတြင္ ခက္ခဲေလ့ရွိသည္။ သို႔ေသာ္ ေအာင္ျမင္မႈေတာ့ ရသြားေလ့ရွိပါသည္။ ေပါင္းစည္းလိုသည့္အတြက္ ျပည္သူမ်ားအတြက္ ေဝ၀ါးေသာအျမင္မ်ားကို ေျပေပ်ာက္ေစၿပီး တိုင္းရင္း သားအခ်င္းခ်င္း ျပန္လည္စုစည္းမႈ ရလဒ္ေကာင္း ျဖစ္ေပၚေစသည္။ ေပါင္းစည္းႏိုင္၍ အင္အားတစ္စံု တစ္ရာလည္း ႀကီးလာသည္ဟု ဆိုႏိုင္ပါသည္။

တိုင္းရင္းသားပါတီေတြေပါင္းစည္းျပီး ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရး ေမွ်ာ္မွန္းခ်က္ထားတာ ေကာင္းမြန္တဲ့ လကၡဏာတစ္ရပ္ပါ။ အဲဒီလိုေပါင္းစည္းလိုက္ျခင္းက ျမန္မာျပည္ရဲ႕ ဖက္ဒရယ္ေဖာ္ေဆာင္မႈအေပၚ ဘယ္လို အက်ိဳးသက္ေရာက္မႈ ရွိႏိုင္မလဲ။ ေရြးေကာက္ပြဲ လမ္းေၾကာင္းကေန တိုင္းရင္းသားတန္းတူ အခြင့္ အေရးကို ပိုၿပီးလုပ္ေဆာင္လာႏိုင္မလား။ ျပည္နယ္ လႊတ္ေတာ္ေတြမွာ အက်ိဳးသက္ေရာက္မႈေတြ ပိုၿပီး ျဖစ္ထြန္းလာမလား။ ေျပာျပေပးပါဆရာ။

တိုင္းရင္းသားပါတီေတြ ေပါင္းစည္းျခင္းသည္ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ ေကာင္းမြန္ေသာ လကၡဏာတစ္ရပ္ ျဖစ္ပါသည္။ ျမန္မာျပည္၏ ဖက္ ဒရယ္ေဖာ္ေဆာင္မႈအေပၚ မ်ားစြာ အက်ိဳးသက္ေရာက္ ေနပါသည္။ ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားပါတီမ်ား ေအာင္ျမင္မႈရလာေလေလ ဖက္ဒရယ္ေဖာ္ေဆာင္ႏိုင္မႈ ပိုၿပီး နီးစပ္ေလေလ ျဖစ္ပါသည္။ ထို႔အတူ တိုင္းရင္း သားမ်ား လိုလားေတာင့္တေနသည့္ တန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ စသည္မ်ားလည္း ပိုမိုေဆာင္က်ဥ္း ႏိုင္ပါလိမ့္မည္။ ျပည္နယ္လႊတ္ေတာ္ေတြမွာလည္း သက္ဆိုင္ရာျပည္နယ္အလိုက္ တိုင္းရင္းသားမ်ား ပိုမို ပါဝင္လာႏိုင္၍ မိမိ၏ျပည္နယ္ ေကာင္းက်ိဳးမ်ားကို ပိုမို စြမ္းေဆာင္ႏိုင္ပါမည္။

၂၀၂၀ ေရြးေကာက္ပြဲအလြန္မွာ ညႊန္႔ေပါင္းအစိုးရ ျဖစ္ေပၚလာႏိုင္တယ္ဆိုတဲ႔ အေျခအေနေတြ ၾကားေန ရတယ္။ ညႊန္႔ေပါင္းအစိုးရ ျဖစ္ေပၚျခင္း မေပၚျခင္း အေပၚ ဆရာ့အျမင္သေဘာထားကို ေျပာျပေပးပါ။

၂၀၂၀ ေရြးေကာက္ပြဲသည္ တစ္ခါမွမရွိခဲ့ဖူး ေသာ ညြန္႔ေပါင္းအစိုးရ ျဖစ္ေပၚလိမ့္မည္ဟု ယူဆပါ သည္။ ပါတီႀကီး NLD ေရာ USDP ပါ လြတ္လြတ္ ကြ်တ္ကြ်တ္ အစိုးရဖြဲ႕ႏိုင္ေလာက္သည့္ အေနအထား မေရာက္ႏိုင္ဟု ထင္ျမင္မိပါသည္။

ေပါင္းစည္းထားတဲ႔ တိုင္းရင္းသားပါတီေတြ ၂၀၂၀ ေရြးေကာက္ပြဲမွာ ရလဒ္ေကာင္းခဲ႔မယ္ဆိုရင္ ေရြး ေကာက္ပြဲအလြန္နိင္ငံေရးအခင္းအက်င္းမွာ အင္အား ၾကီးပါတီေတြအၾကား ဘယ္ေလာက္ထိ ႐ိုက္ခတ္ ေျပာင္းလဲမႈေတြ ျဖစ္လာႏိုင္မယ္ ထင္ပါလဲ။

ေပါင္းစည္းထားေသာ တိုင္းရင္းသားပါတီေတြ ေရာ၊ မေပါင္းစည္းႏိုင္ေသးသည့္ တိုင္းရင္းသားပါတီ ေတြေရာ ၂၀၂၀ ေရြးေကာက္ပြဲမွာ ရလဒ္ေကာင္းခဲ့မယ္ ဆိုရင္ ေရြးေကာက္ပြဲအလြန္ ႏိုင္ငံေရးအခင္းအက်င္း မွာ အင္အားႀကီးပါတီေတြအေပၚ ႐ိုက္ခတ္ေျပာင္းလဲမႈ ေတြ ဧကန္ျဖစ္ေပၚလာပါမည္။ အင္အားႀကီးပါတီ ေတြသည္ တိုင္းရင္းသားပါတီေတြမပါဘဲ တိုင္းျပည္ ျပန္လည္တည္ေဆာက္ရာတြင္လည္းေကာင္း၊ အစိုးရ ဖြဲ႕စည္းရာတြင္လည္းေကာင္း တိုင္းရင္းသားမ်ား၏ အခန္းက႑ကို အေလးအထားဘဲ မရႏိုင္သည္အထိ ျဖစ္ေပၚလာပါမည္။ တိုင္းရင္းသားပါတီမ်ား၏ အခန္း က႑ အေရးပါမႈ ပိုရွိလာပါမည္။

ဆရာတို႔ပါတီအေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ေမွ်ာ္မွန္းထားတာေတြနဲ႔ ေရြးေကာက္ပြဲမွာ အႏိုင္ရ ခဲ႔ရင္ ဘာေတြအေကာင္အထည္ေဖာ္ေဆာင္မလဲ ဆိုတာ ေျပာျပေပးပါ။

SNDP သည္ ၂၀၂၀ ေရြးေကာက္ပြဲကို ေအာက္ပါ ရည္မွန္းခ်က္မ်ား ထားရွိပါသည္။

(၁)     ၿငိမ္းခ်မ္းေရးမွ ဖက္ဒရယ္စနစ္ တည္ ေဆာက္ေရး

(၂)     ဌာေနတိုင္းရင္းသားအေျချပဳ ျပည္နယ္ အစိုးရဖြဲ႕စည္းေရး

(၃)     ႏိုင္ငံသားတစ္ဦးခ်င္းစီမွ တစ္ႏိုင္ငံလံုး စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရး

(၄)     ေဒသႏၱရအုပ္ခ်ဳပ္ေရးတြင္ ဌာေနတိုင္းရင္း သားမ်ား ပါဝင္ေရး

(၅)     ဘက္စံု ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္ အကူျပဳေသာ ပညာေရးစနစ္ ေပၚေပါက္ ေရး

အဆံုးသတ္အေနနဲ႔ ၂၀၂၀ေရြးေကာက္ပြဲနဲ႔ တိုင္းရင္း သားအခြင္းအေရးအေၾကာင္း သံုးသပ္ ေဆြးေႏြးေပး ပါ။

၂၀၂၀ ေရြးေကာက္ပြဲသည္ တိုင္းရင္းသားမ်ား အတြက္ အလြန္အေရးပါေသာ ေရြးေကာက္ပြဲျဖစ္ပါ သည္။ ၂၀၂၀ သည္ မိမိတို႔ တိုင္းရင္းသားမ်ားအတြက္ အခြင့္အေရးတစ္ရပ္ဟု ဆိုႏိုင္ပါသည္။ ျပည္ေထာင္စု အေရးတြင္လည္းေကာင္း၊ ျပည္နယ္အေရးတြင္လည္း ေကာင္း တိုင္းရင္းသားမ်ား၏ ဆံုး႐ံႈးေနခဲ့ေသာ အခြင့္ အေရးမ်ား ျပန္လည္ရရွိေရးအတြက္ အခြင့္ေကာင္း ျဖစ္ပါသည္။ ထို႔အတူ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ လည္း ပိုမိုအေထာက္အကူျဖစ္ေစသည္ဟု သံုးသပ္မိ ပါသည္။

အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္။

Related Articles

Back to top button