ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ | အပိုင်း ၁
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၃ ရက်၊ ၂၀၂၃။
အဓိကာရ (Adhikāra) ရဲ့ ထုတ်လွှင့်မှုကနေ ပြန်လည်ကြိုဆိုပါတယ်။ အဓိကာရ Podcast ရဲ့ Episode 2(Part 1) မှာ “ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ”ဆိုတဲ့ ခေါင်းစဥ်နဲ့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက် သူ ထက်နေဝန်းကို အဓိကာရက ဖိတ်ခေါ်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နောက်ခံ သမိုင်း ကြောင်း၊ ကုလသမဂ္ဂရဲ့ အစိတ်အပိုင်းတွေအကြောင်းနဲ့ ကုလသမဂ္ဂ ယန္တရားတွေအကြောင်းကို ဆွေးနွေး တင်ဆက်ထားပါတယ်။
အခုအစီအစဉ်ကိုတော့ လူထုအသိပညာ တိုးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာများကို လေ့လာခွင့် ရရှိစေဖို့ ရည်ရွယ်ကာ အဓိကာရ(Adhikāra)က စီစဉ်ပြီး FJMM ကလည်း ပူးပေါင်း တင်ဆက် ပေးတာ ဖြစ်ပါတယ်။