
Photo – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၅၊ ၂၀၂၃
မွန်ပြည်နယ်၊သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းဖြစ်သော လယ်ဆော့လော့စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါစခန်းမှာ BGF တပ်သား အင်အား ၂၀ကျော် တပ်စွဲနေထိုင်ပြီး မတ်လ ၂၂ရက်နေ့ မနက် ၅နာရီအချိန်လောက်တွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက် အပြန်ပစ်ခတ်မှုမှာ ၁နာရီကျော်ကြာမြင့်ပြီးနောက် BGF တပ်ဖွဲ့ဝင် ၆ဦးသေဆုံးပြီး သေနတ် ၅လက်အပါအဝင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲမှ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ PDF တစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး စိုးရိမ်စရာ မလိုသော အခြေအနေအတွင်ရှိပါတယ်။
KNU သထုံခရိုင်ထဲက BGF တပ်စခန်းတွေဟာ ကျေးရွာနေ ပြည်သူတွေ မကြာခဏ ဖမ်းဆီးပြီး ငွေညှစ်တာနဲ့ သူတို့ စခန်းကို KNLA ပူးပေါင်းတပ်တွေ လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိပါတယ်။



