လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီနှင့် SSPP/SSA တို့ နေရာယူ လှုပ်ရှားမှုများ ရှိနေဆဲ

သျှမ်းပြည်တောင်ပိုင်း ဆနင်းတောင်ကြာအပါအဝင် လွိုင်လင်ခရိုင် အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ နေရာယူလှုပ်ရှားမှုများရှိနေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်ခရိုင်ထဲတွင် ပင်လုံမြို့၊ လဲချားမြို့နယ်၊ ကျေးသီးမြို့နယ်၊ နမ့်စန်မြို့နယ် နှင့် မိုင်းကိုင်မြို့နယ်တို့ ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီအင်အားများ နေရာတချို့မှ ဆုတ်ခွာသွားသော်လည်း ၎င်းတို့ တပ်စခန်းနေရာအနီးပတ်ဝန်းကျင်တွင် နေရာယူထားမှုများရှိနေသေးကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ဘက်ကနေရာတချို့မှာ ဆုတ်ခွာသွားတာတွေရှိနေတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့အားလုံးမဟုတ် သေး ဘူး၊ ကျနော်တို့ ဆနင်းတောင်ကြောတစ်လျှောက်မှာရှိတဲ့ စခန်းတွေ အနီးမှာ စစ်ကောင်စီအင်အားတွေက ၆၀၀ ကျော် ၇၀၀ လောက်ရှိနေသေးတယ်” ဟု ဗိုလ်မှူးဖုန်းဟန်က ဆိုသည်။ စစ်ကောင်စီဘက်မှ နေရာတချို့ ဆုတ်ခွာပေးမှုနှင့် လမ်းကြောင်းတချို့ပြန်လည်ဖွင့်လှစ်ပေးခြင်းသည် ငြိမ်းချမ်း … Continue reading လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီနှင့် SSPP/SSA တို့ နေရာယူ လှုပ်ရှားမှုများ ရှိနေဆဲ