မုံးပေါ်တိုက်နယ်အတွင်းရှိ ကျေးရွာအနီး လက်နက်ကြီးကျ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်အတွင်းတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ကျေးရွာအနီးပတ်ဝန်းကျင် မီးလောင်ကျွမ်း နေကြောင်း သတင်းသိရသည်။ ယနေ့ ဧပြီလ ၂၇ ရက်  မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ ယခုသတင်းရေးသားနေချိန်အထိ မုံးပေါ်တိုက်နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတို့ပစ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်ကြောင့် နောင်ခမ်းကျေးရွာ အနောက်ဘက်ရှိ ကြံခင်းကိုမီးလောင်ရာမှ ယခုတွင် ကျေးရွာအနီးပတ်ဝန်းကျင်ထိ မီးလောင်ကျွမ်း လာနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို သတင်းပေးပို့လာသည်။ “စစ်ကောင်စီတွေက တောင်ကုန်းတစ်ခုပေါ်မှာ တစ်ဖွဲ့နဲ့ နောင်ခမ်းရွာရဲ့ အရှေ့ဘက်မှာ တစ်ဖွဲ့ နေရာယူထားတယ်၊ MNDAA တွေက လယ်ထဲမှာနေရာယူထားတယ်၊ ဒီနောင်ခမ်းရွာရဲ့ အရှေ့ဘက်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ပစ်လိုက်တဲ့ လက်နက်ကြီးက ကြံခင်းတွေ၊ … Continue reading မုံးပေါ်တိုက်နယ်အတွင်းရှိ ကျေးရွာအနီး လက်နက်ကြီးကျ